ငါ့အပိုင်

91 8 0
                                    

"မင်းကြီးကို ငါ့ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်ခွင့်မပေးနဲ့"

ရိပေါ်ရဲ့အမေ (တနည်းအားဖြင့် တိုင်းပြည်ရဲ့မယ်တော်ကြီး)က အစောင့်တပ်သားတွေကိုအမိန့်‌‌ပေးလိုက်တယ်။

ရိပေါ်ကတော့ မယ်တော့်ရှေ့မှာ ဒူးထောက်နေဆဲ။ သူ့ချစ်ရသူနဲ့ မတွေ့ရသည်မှာ တစ်လပင်ရှိလေပြီ၊နန်းတော်မှ ထွက်ပြေးရန်အကြိမ်ကြိမ်ကြိုးစားသော်လည်းမရ။ မယ်တော့်အစောင့်တွေဆီက ဖမ်းဆီခံခဲ့ရသည်။ နောက်ဆုံးမယ်တော်က သူ့ကိုနန်းဆောင်ထဲကကို ထွက်ခွင့်မပေးတော့ချေ။ သူကတိုင်းပြည်အများကြီးကိုသိမ်းပြီး နန်းတက်ခဲ့ပေမယ့် မယ်တော့်ကိုတော့မလွန်ဆန်နိုင်ပါ။

"မယ်တော် သားတော်တိုင်းပြည်အတွက်တာဝန်ကျေပွန်ပါ့မယ်၊အခု‌တော့ ကျွန်တော့်ချစ်ရသူကိုသူကို သွားတွေ့ဖို့ခွင့်‌ပေးပါ"

ရိပေါ်က ဒူးထောက်ပြီးတောင်းပန်လိုက်တယ်။သူဒူးထောက်နေတာ နှစ်နာ‌ရီလောက်ရှိပြီ။

ရိပေါ် လွန်ခဲ့တဲ့ရက်တွေက ညီလာခံတွေပျက်ကွက်ခဲ့ကြောင်း၊ အစီရင်ခံစာတွေ ပျက်ကွက်ခဲ့ကြောင်း၊ နန်းတော်ထဲကနေ မကြာခဏထွက်တဲ့အကြောင်းတွေကို မယ်တော်ကအကုန်သိသွားခဲ့ခြင်းပင်။ အမတ်တွေကလည်း မင်းကြီး အမူအကျင့်များ ရုတ်တရက်ပြောင်းလဲသွားခြင်းအတွက် တစ်ယောက်တစ်ပေါက် အပစ်ပြောလာကြသည်။ထိုအမတ်များစကားက မယ်တော်ဆီရောက်သွားတော့ ရိပေါ်ကိုအပြင်လုံးဝထွက်ခွင့်‌မပေးတော့ချေ။

ကျန့်ကျန့်ကတော့ သူ့ကိုလိမ်ပြောသွားတယ်ဆိုပြီး အထင်လွဲသွားလေမလား၊ သူ့ကိုမယုံကြည်တော့လေမလား၊ စိုးရိမ်စိတ်ကြောင့် ကိုယ်ရံတော် ပေ့ကျွင့်ကို ကျန့်ကျန့်ဆီသွားခိုင်းဖို့ကြိုးစားပေမယ့် ပေ့ကျွင့်ကိုလည်းထွက်ခွင့်မပေးခဲ့ဘူး။

'ကျန့်ကျန့်က အရမ်းဝမ်းနည်းပြီး သူ့ကျန်းမာရေးက သိပ်မကောင်းဘူး' ဆိုတဲ့ သတင်းသာ အစောင့်တယောက်ဆီက သိခဲ့ရတာ၊ရိပေါ်ဘာမှမလုပ်နိုင်သေးဘူး။

~~~~~~~~~~
မြို့‌တော်ဈေးထဲတွင်

"ဝမ်နင် အဲဒီစားသောက်ဆိုင်ကို သွားရအောင်"

I AM A MAN NOT YOUR QUEEN Where stories live. Discover now