သူငယ်ချင်းအသစ်

126 8 0
                                    

"သခင် နိုးလာပြီ "

ဝမ်နင်ကသူ့သခင်နိုးလာလို့ဝမ်းသာအားရပြောလိုက်တယ် ရှောင်ကျန့်ကတော့ သူ့မျက်လုံးတွေကိုကြိုးစားဖွင့်ရင်း

"ငါဘယ်မှာလဲ"

ထဖို့ကြိုးစားပေမယ့် ခန္ဓာကိုယ်ရဲ့နာကျင်မှုကြောင့် မျက်လုံးတွေကိုမှိတ်ပြီး ပြန်လှဲလိုက်တယ်။

"သခင် အဆင်ပြေရဲ့လား၊လှုပ်ရှားလို့မရ‌ေသးဘူး ဒါမှမဟုတ်ရင် ဒဏ်ရာတွေပွင့်သွားလိမ့်မယ်၊ သခင်တစ်ခုခုလိုချင်ရင် ကျွန်တော့်ကိုပြောပါ"
ဝမ်နင်က သခင် ကုတင်ဘေးမှာဒူးထောက်ပြီး ပြောလိုက်တယ်။

"ဝမ်နင် ငါ့ကို ဂရုစိုက်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်"
ရှောင်ကျန့် သူ့လက်လေးနဲ့ ဝမ်နင့်ခေါင်းကို အသာပုတ်လိုက်သည်။

"သခင်ကို ပြုစုစောင့်ရှောက်ဖို့ ကျွန်တော့်တာဝန်ပဲ၊ သခင်ရဲ့ဒဏ်ရာတွေကို ကုသပေးနိုင်အောင် သမားတော်ကို စေလွှတ်ပေးခဲ့တဲ့ လူကို‌တော့ကျေးဇူးတင်ပါတယ်"

"သူကဘယ်သူလဲ၊ သူ့ကိုသိလား သူဘယ်သူလဲဆိုတာ ပြောပြ"

"သခင် ကျွန်တော် သူ့ကိုတစ်ခါမှမမြင်ဖူးဘူး ဒါမဲ့သမားတော်‌က‌တော့ အဲ့လူအတွက်သခင်က အရမ်းအ‌ရမ်းအရေးပါတဲ့သူလို့ ပြောတယ်"

" နောက်တစ်ခါမင်းမသိတဲ့လူတွေကိုသတိထားရမယ်၊အရမ်းမယုံကြည်နဲ့ ဒါပေမဲ့ ငါ့လိုတန်ဖိုးမရှိသူတစ်ယောက်ကို ကူညီပေးနိုင်တဲ့ ကြင်နာတဲ့သူကို ငါကျေးဇူးတင်ရမယ်"

ရှောင်ကျန့်က မျှော်လင့်နေတယ်တစ်စုံတစ်ယောက်က အရေးပါတဲ့သူ၊သူ့ကို သူငယ်ချင်းလို ဆက်ဆံမယ့်သူ၊စကားအတူပြော‌ပေးမယ့်သူ၊နာကျင်နေရင် ဂရုစိုက်ပြီး နှစ်သိမ့်ပေးနိုင်မယ့်သူ။သူ့အမေနဲ့ ဝမ်နင်ကလွဲလို့ ဒီကမ္ဘာမှာဘယ်သူမှ ဒီလိုလုပ်မပေးနိုင်ဘူး။

Flashback

"မား ဘာလို့ အမြဲပြုံးနေတာလဲ" ရှောင်ကျန့် သူ့အချစ်ရဆုံးအမေအတွက် ကဗျာရေးနေရင်းမေးလိုက်တယ်။

"ဘာလို့လဲဆိုတော့ မားမားတို့ကို ပျော်ရွှင်စေတဲ့အရာလေးကိုအမြဲတန်ဖိုးထားသင့်တယ်၊ ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ် အမြဲပြုံးနေရမယ် ရှောင်ကျန့်သားကို အနိုင်ကျင့်မုန်းတီးနေသူတွေကို အညိုးမထားရဘူး၊ ခွင့်လွှတ်နည်းနဲ့ အမြဲပြုံးနေနိုင်အောင်ကြိုးစားရမယ်နော်"

I AM A MAN NOT YOUR QUEEN Hikayelerin yaşadığı yer. Şimdi keşfedin