အပိုင်း 15

Start from the beginning
                                    

  လင်းယွီးဟန်မှာ ရှောင်ကျန့်ကို လက်ညှိုးတထိုးထိုးဖြင့် ခဏအကြာ ၀တ်ရုံကို ခါကာ စိတ်ပျက်သော အခြေအနေကို ပြပြီး လှည့်ထွက်သွားတော့၏။ရှောင်ကျန့်က ရိပေါ်ပခုံးပေါ် လက်တစ်ဖတ်တင်ထားတာကို ပြန်ချလိုက်ကာ သွားဖြီးပြရသေးသည်။

"ရိပေါ်...ဝေ့....ရိပေါ်"

  တောင့်တောင့်ကြီးဖြစ်နေသော ရိပေါ်ကြောင့် ရှောင်ကျန့် လန့်ဖြန့်သွားရသည်။
ခွန့်နာက လင်းယွီးဟန်ကို ပြောလိုက်ရတာကြောင့် ဂုဏ်ဆာနေသော စိတ်ကလေးဟာ
ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရ၏။ ပခုံးနှစ်ဖတ်ကို စုတ်ကိုင်ကာ လှုပ်မေးတော့မှ

"ရှောင်..."

"အထင်မလွဲနဲ့...မင်းမလိုက်ချင်ဘူးဆိုလို့..ဒီနည်းလမ်းသုံးလိုက်တာ...ငါနောက်ထပ်မင်းဆီက အမုန်းထပ်မပွားချင်ဘူး"

"အင်း..."

   ရိပေါ်နှင့် ရှောင်ကျန့်ဘာစကားမှထပ်မဆိုဖြစ်ကြ။ရှောင် ငါမင်းကိုအစကတဲ့က မမုန်းခဲ့ပါဘူး ရှောင်တနေ့တော့ အစအဆုံးပြောပြနိုင်မှာပါ။

********************

   "၀မ်ရိပေါ်..!!"

   လင်းယွီးဟန်မှာ ဘုရင့်အမိန့်စာလိပ်ကြီးကို မော့တတ်မော့တတ်နှင့် ရှောင်အိမ်တော် တံခါးပေါက်မှ အသံနက်ကြီးဖြင့် အော်ခေါ်လေ၏။ ရှောင်ကျန့် မနက်စောစောစီးစီး လင်းယွီးဟန်ရဲ့ အသံကျယ်ကြီးကြောင့် ရှုပ်နေသော ဆံပင်များကို အမြန်စုချည်လိုက်ပြီး ညအိပ်၀တ်စုံ အဖြူရောင်လေးတစ်ထည်ဖြင့် ရိပေါ်ရှိရာ အဆောင်ကို အမြန်သွားရသည်။မနေ့ကတဲ့က ရှောင်ကျန့်စဉ်းစားနေတာ ရိပေါ်ကို လင်းယွီးဟန်လက်ထဲကို ထည့်မပေးနိုင်တော့ပါ ရှောင်ကျန့်သေချာသွားပါပြီ ရိပေါ်ကို သူနဲ့ဝေးရာကို မတွန်းထုတ်ချင်တော့ဘူး။

"၀မ်သခင်လေး..အမိန့်နာခံပါ"

  နေရာအတွင်းရှိ အစေခံများဟာ လင်းယွီးဟန်ရဲ့ ရှေ့သို့ ဒူးထောက်နေကြစဉ် ရိပေါ်ဟာ တံခါးကို ကျောမှီကာ ကျောက်စရစ်ဖြူလေးခင်းထားသော လျှောက်လမ်းကိုသာ ‌ငေးမောကြည့်နေ၏။မျက်၀န်းများဟာ လူတစ်ယောက်ကို စောင့်နေသည့်ပုံ။မကြာပါဘူး ရှောင်ကျန့်ဟာ ညအိပ်၀တ်စုံအဖြူလေးတစ်ထည်ဖြင့် အပြေးလာသောကြောင့် ရိပေါ်မျက်မှောင်ကျုံ့ကာ အခန်းတွင်းပြန်၀င်ပြီးသိုးမွေး၀တ်ရုံကို ယူပြီး ရှောင်ကျန့်ဆီပြေးသွားရသည်။ထို့နောက် ၀တ်ရုံကို ခြုံပေးလိုက်တော့  ပြုံးပြလာသောရှောင်ကျန့်ကြောင့် နားနားတိုးကာ

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Where stories live. Discover now