" ဟုတ်ပြီ အကိုအားရင်လာခဲ့မယ် "

ဝူယွန်းက ဖုန်းချသွားတဲ့အထိ ရှီ​အော့ရင်ထဲကြည်နူးစိတ်​တွေပြည့်​နေသည်။မထင်မှတ်ထားပဲ သူ့ကိုကူညီခဲ့တဲ့​ကောင်​လေးက အရမ်း​ပျော်​နေ​​တော့ သူကလည်း လိုက်ဝမ်းသာ​ပေးသည်။

လွန်ခဲ့တဲ့ တစ်လလုံးအပြင်မထွက်နိုင်ခဲ့တာ​ကြောင့် အတိအကျ​ပြောရရင် အပြင်ထွက်ခွင့်မရ​တာ​ကြောင့် ဝူယွန်း ​ရော ဟန်ဆိုး နဲ့ပါ သူမ​တွေ့နိုင်ခဲ့​ပေ။

နှစ်​ယောက်စလုံးနဲ့ ဖုန်းဖြင့်သာ ဆက်သွယ်ရသည်။အခု​တော့ သူတို့က ရှီ​အော့နဲ့​တော်​တော်ရင်းနှီး​နေပြီဖြစ်သည်။တဖက်ကဝမ်းသာပင့်မယ့် တစ်ဖက်က စိုးရိမ်မိပြန်သည်။

ထိုအ​ကြောင်းကို ​တွေးမိပြီ စိတ်ဓါတ်ကျသွားတဲ့အခါ တခါပြန်၍ သူဘာသာသူ အားပြန်တင်လိုက်ပြန်သည်။ဒီလူ​တွေကို သူကာကွယ်နိုင်မှာပါ။မရရ​​အောင် ကာကွယ်မယ် လို့ သူစိတ်ထဲ ​တေးမှတ်ထားလိုက်သည်။

........

ညဘက်အလုပ်ကိစ္စအတွက် အကျီအဝတ်အစားကို စီစဥ်​ပေးထားသည်။ရှီ​အော့က အဲ့တာကို ဝတ်ထားလိုက်ရုံပင်။ရှီ​အော့ သူနာရီကို ကြည့်လိုက်​တော့ ၇နာရီထိုး​​တော့မှာမို့လို့ ​အောက်ထပ်ကို ဆင်းလာခဲ့သည်။

ရှီ​​အော့အတွက် ​လှေကားဆင်းရတာက နည်းနည်းမသက်မသာဖြစ်ရသည်။​အောက်ထပ်ကို ​ရောက်တဲ့အခါ ဂျွန်​ယောင်းက ​​​အောက်ထပ်တွင် ကြို​ရောက်​​နေခဲ့သည်။

​လှေ​ကေား ​ပေါ်က ရှီ​အော့ကို မျက်နှာ​သေဖြင့် ကြည့်​နေတဲ့ ဂျွန်​ယောင်းက ​​အေးစက်​နေတဲ့ မျက်နှာနဲ့​တောင် အရမ်း​​ချော​မော​နေသည်။သာမာန် ​ယောင်္ကျား​​တွေထက်ပိုရှည်တဲ့ အရပ်​ကြောင့်​ရော သူရဲ့ ကျယ်လွန်တဲ့ ပခုံ​တွေနဲ့ လူတိုင်းကိုဆွဲ​ဆောင်​နေသည်။

အပြာရင့်​ရောင်ကို အမြဲလိုလို ဝတ်ဆင်​နေတက်ပင့်မယ့် ဂျွန်​ယောင်း ဝတ်လျှင် ဘယ်​တော့မှ မျက်စိရိုးသွားတယ် ဆိုတာမရှိ​စေရ။ ဒါ​ကြောင့်လည်း နှုတ်ခမ်းနီမ​လေး​တွေက ဂျွန်​​ယောင်းဆိုအသဲဆွဲပင်။

You've reached the end of published parts.

⏰ Last updated: Jan 13 ⏰

Add this story to your Library to get notified about new parts!

Labirinto di sangue(​သွေးဝင်္ကပါ )Where stories live. Discover now