♤♤♤
အချိန်တွေတဖြည်းဖြည်းကြာလာတဲ့အခါ ရှီအော့ခြေထောက်က ပြန်ထောက်၍ရသည်အထိဖြစ်နေချေပြီ။ ပြန်ကောင်းတာမြန်လွန်လို့ ဆိုးဟွန်းကတောင် အံသြတကြီး ပြောလာသည်။
" အရိုးဆက်တာမြန်လိုက်တာ တခါမှဒီလောက်အရိုးမြန်မြန်ဆက်တာကို မမြင်ဖူးဘူး "
ရှီအော့ ခေါင်းသာငြိမ်လိုက်သည်။သူစိတ်ထဲမှာတော့ ပျောက်တာမြန်တော့ ပိုရိုက်လို့မကောင်းဘူးလား ဟုတွေးမိသည်။ဒါက ဂျွန်ယောင်းအတွက် ဆုလဒ်တစ်ခုလိုမဟုတ်လား။
ဆိုးဟွန်း ရှီအော့ခြေထောက်ကိုစစ်ဆေးပြီးပြန်ထွက်သွားတဲ့အခါ ဂျွန်ယောင်းက ခဏကြာတော့ ရှီအော့အခန်းထဲဝင်လာခဲ့သည်။
" မင်းသက်သာသွားပြီလို့ ဆရာဝန်ကပြောတယ် ညကျရင် အလုပ်ကိစ္စရှိတယ် မင်းလိုက်ခဲ့ရမယ် "
" ဟုတ်ကဲ့ "
ဒီတစ်လအတွင်း ကျေးဇူးတင်ချင်စရာကောင်းစွာ ဂျွန်ယောင်းက ရှီအော့ကို လွှတ်ထားပေးသည်။တစ်လတွင် ၂ခေါက်သာ ရှီအော့ဆီကို သူလာခဲ့သည်။ဒါကြောင့် တစ်လလုံးလုံး ဂျွန်ယောင်းရဲ့ အရိုက်ခံဘဝမှ သူလွှတ်ခဲ့သည်။
အခုတော့ သူအဲ့ငရဲတွင်းကို ပြန်ဆင်းသက်ဖို့အချိန်ရောက်လာပြီဖြစ်သည်။ရှီအော့ အတွေးလွန်နေတဲ့ အခိုက်မှာ ဖုန်းတစ်ကောဝင်လာခဲ့သည်။
" ဝူယွန်း ဘာကိစ္စရှိလို့လဲ "
" ဘာမှတော့မဟုတ်ပါဘူး အကိုရှီအော့သိလား ကျွန်တော်တို့ ဆိုင်နေရာပြောင်းလိုက်တော့ ရောင်းအားသိသိသားသားတက်လာတယ် ကျွန်တော် အကို့ကို သိပ်ကျေးဇူးတင်တာပဲ "
" ကျေးဇူးတင်စရာမလိုပါဘူး အကိုကလည်း ကော်ဖီဆိုင်လေးဖွင့်ချင်လို့ပါ မင်းနဲ့တွေ့တော့ တိုင်ဆိုင်သွားတာ အခြေအနေကရော "
" အရမ်းအဆင်ပြေတယ် အကို အကိုရဲ့အမြတ်ငွေကို ကျွန်တော် အကို acc ထဲ တစ်လစာစီလွဲပေးမယ်နော် "
" ရတယ် မင်းသဘောပဲ "
" Ok အကို ဒါဆို bye bye နော် နောက်အားရင် ကျွန်တော်တို့ ဆိုင်ကို လာကြည့်အုန်း "
ESTÁS LEYENDO
Labirinto di sangue(သွေးဝင်္ကပါ )
Acciónဂျွန်ယောင်းအတွက် ရှီအော့ ကအိမ်မွေးခွေးကလေးတစ်ကောင်ပဲ ဒါပေမယ့် ကိုက်ရင်တော့ ဒဏ်ရာပြင်းမယ် fanfic မဟုတ်ပါ koreanအခြေပြု fic တစ်ပုဒ်သာဖြစ်သည်။ fic name က italy လိုဖြစ်ပြီ အသံထွက် လာဗီရင်တို ဒီဇာဂွေ့ ဟုဖတ်သည်။ အတိုကောက် လာဗင်ရင်တိုဟုခေါ်...