" စပ်လို့လား"
" ငံလို့ တော်တော်လေးငံတာ ဒါပေမယ့် စိတ်မကောင်းဖြစ်မှာဆိုးလို့ ထမင်းတစိတောင်မကျန်အောင်စားလာတာ "
" ငါနဲ့တော့ ရီတောင်မရီချင်တော့ပါဘူး Jungkook ရာ မင်းနှယ့်လည်း အဲ့လောက်ချစ်နေတာများကွာဖွင့်ပြောလိုက်ပါတော့လားကွ "
" Hyung ရာကျွန်တော်စကားအများကြီးမပြောနိုင်သေးဘူး လုပ်ပါအငံပြေအောင်ဘာလုပ်ရမလည်း သွေးတောင်တိုးပြီထင်တာဗျာ အဲ့ဒါကို သူ ဘယ်လိုတောင်စားမလဲ "
" သူကတော့ မင်းလိုစားမှာမဟုတ်ဘူး သွန်ပြစ်မှာလေ"
" ဒါနဲ့ Hyung ညနေ ကျွန်တော်စောစောပြန်မယ် Taehyung က စောစောပြန်လာလို့ရမလားတဲ့ ဘာလို့လည်းမသိဘူး အဲ့တာစောစောပြန်မလို့ သူ့ဘက်ကစပြီးအဲ့လိုပြောတာဒါပထမဆုံးပဲ Hyung ရ "
" အေးပါကွာ ကျန်တာငါဆက်လုပ်လိုက်မယ် ပြန်ပြန် "
တနေကုန် အလုပ်သာလုပ်နေတာ ညနေစောင်းဖို့ကိုနာရီတကြည့်ကြည့်နဲ့သာ အချိန်သာရွေ့လို့ရရင်ရွေ့မယ့်အနေအထား..
....🐰🐯
ညJungkook ပြန်ရောက်တော့ တအိမ်လုံးကမှောင်မဲလို့နေသည်..သူပြန်လာခိုင်းပြီး သူကိုယ်တိုင်မရှိဘူးလားအထင်နဲ့ Jungkook လည်းကား ပေါ်ကဆင်းကာ အိမ်ထဲသို့ဝင်လာတော့ တံခါးဖွင့်ဖွင့်ခြင်းမှာ BD ကိတ်ကိုဖယောင်းတိုင်မီးနဲ့လေးထွန်းကာ မှောင်ထဲမှာစောင့်နေတဲ့ Taehyung..
" Taehyung ဒါက "
" Happy Birthday Jungkook "
" ဟင် ဘာကိုလည်း "
"ဒီနေ့က မင်းမွေးနေ့မဟုတ်ဘူးလား."
Taehyung လည်း ချက်ချင်းပဲအိမ်ထဲမီးတွေဖွင့်လိုက်သည်..တအိမ်လုံး လင်းလို့သွားတော့မှ ကိတ်မုန့်လေးကိုင်ထားကာ Jungkook ကိုကြည့်နေတော့ Jungkook ကလည်းနားမလည်စွာ..
" ဒီနေ့ငါ့ မွေးနေ့မဟုတ်ဘူး."
" ဟင် ပြက္ခဒိန်ပေါ်က "
" အာ အဲ့တာ Bam ရဲ့မွေးနေ့ "
" Bam မင်းအိမ်က ခွေးကြီးလား "
" အင်း "
" တောင်းပန်ပါတယ် Jungkook ငါ.. မင်းနဲ့ပက်သက်ရင် ဘာဆို ဘာမှ မသိဘူးပဲ "