ချောမောသည့် မျက်နှာနှင့် အေးစက်သော စိတ်နေစိတ်ထားတို့ဟာ အလွန်အမင်းလိုက်ဖက်ညီလို့နေပြီး ယောက်ျားဆန်သော ဟော်မုန်းများကို ဆွဲဆောင်မှုရှိစွာ ထုတ်ပေးနေသလိုပင်။



အမတ်မင်းဂူပင် ဆောင်းဟွန်း၏ အရှိန်အဝါကြောင့် ဖိနှိပ်ခြင်းခံနေရပြီး အသံတစ်စက်မှမထွက်ရဲဘဲ နောက်နားတွင်ရိုကျိုးစွာရပ်ကာ အရှင့်သားအား နှောင့်ယှက်ခြင်းမပြုရဲပေ။


အမတ်ဂူ၏ နေရာမှကြည့်လျှင် ဖြာဝေနေသော ဆေးလိပ်‌ေငွ့များနှင့် ဆောင်းဟွန်း၏ ကျောပြင်ကျယ်ကိုသာမြင်နိုင်ပြီး ဆောင်းဟွန်း၏ အားပြင်းသော အရှိန်အဝါဟာ အသည်းငယ်သူများဆိုလျှင် နေရာမှာတင် ချက်ချင်းဒူးထောက်ကျသွားစေနိုင်‌ေပသည်။


ဆောင်းဟွန်းက သူ့ရင်ထဲမှ ‌အတ္တတွေဒေါသတွေ ပေါက်ကွဲထွက်မလာခင် ဂျယ်ယွန်းကို တွေ့ချင်စိတ်အား လျော့ကျစေရန် ဆေးပြင်းလိပ်ကိုသာ ဖိပြီးခဲနေလေသည်။


ထိုအတိုင်း အချိန်အတော်အတန်ကြာအောင် တိတ်ဆိတ်နေသည့် ပတ်၀န်းကျင်အား စုံစမ်းရာမှပြန်လာသော နီခီတို့တပ်ဖွဲ့၏ ခြေသံများက နှောင့်ယှက်လိုက်လေသည်။


တပ်သားများက ခေါင်းငုံ့၍ ရိုကျိုးစွာရပ်နေလိုက်ပြီး ဆောင်းဟွန်းကိုလျှောက်တင်လိုက်သည်။



"သခင် ကျွန်တော်မျိုးတို့ ကြင်ယာတော်အကြောင်း သိခဲ့ရပါပြီ"



ဆောင်းဟွန်းက နီခီတို့ဘက် လှည့်လာကာ ဆေးပြင်းလိပ်အား ဖိချေ၍ ဖြည်းညှင်းစွာ မီးသတ်လိုက်ရင်း အမိန့်ပေးလိုက်သည်။



"စုံစမ်းလို့ရသမျှကို ‌တစ်ခုမကျန် ပြော"



နီခီက ခေါင်းညိတ်ကာ သူစုံစမ်းခဲ့သမျှ အရာအား ပြန်ပြောပြလေသည်။




ဆောင်းဟွန်းမှာ ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေရင်း သူ၏ မျက်၀န်းများကတော့ ဂျယ်ယွန်း ဤနယ်စပ်တွင် ကြုံခဲ့သမျှကြောင့် အေးစက်လို့လာနေသည်။



"xxxx...ကျွန်တော်တို့သိရသမျှက ဒီလောက်ပါပဲ ခေါင်းဆောင်

ကြင်ယာတော်က မြို့တော်မှာရှိတဲ့ လက်ထောက်တရားရေး၀န်ကြီးရဲ့ တူတော်ပါ ဘာကြောင့် ဒီနယ်စပ်မှာ ဒုက္ခခံနေရမှန်းမသိပေမဲ့ မြို့တော်ရောက်မှ ဆက်ပြီး စုံစမ်းလို့အဆင်ပြေပါလိမ့်မယ်

𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now