အခန်း(၄)

Start from the beginning
                                    

နောက်တစ်နေ့၌။

"လောင်ကုန်း ပြန်လာပြီလား" အိုမီဂါက တံခါးဝမှ ဆူညံသံတချို့ကို ကြားလိုက်သောအချိန်၌ နို့ပူပူလေးကို သောက်နေလေ၏။ သူ့နှုတ်ခမ်းတွင် နို့အမြှုပ်ဝိုင်းတစ်ခုနှင့် ပြေးထွက်လာခဲ့လေ၏။

"မင်းအတွက်" အယ်လ်ဖာသည် သူ့နောက်ဘက်မှ ပန်းစီးတစ်ခုကို သာမာန်ကာလျှံကာပင် ထုတ်ယူလိုက်လေ၏။ အပြင်ဘက်၌ မိုးရွာနေပြီး ကုမ္ပဏီမှ ထွက်သွားပြီးနောက် ချက်ချင်းပင် အယ်လ်ဖာသည် ပန်းများရောင်းနေသော အဘွားအိုတစ်ယောက်နှင့် ဆုံခဲ့လေ၏။

အဘွားအိုက ဆိုလေ၏။ " ပန်းတစ်ပွင့်ဝယ်ပြီး မင်းရဲ့ချစ်ရသူကို ပေးလိုက်ပါ "

ချစ်ရသူတဲ့လား။ တစ်နည်းနည်းနှင့် အယ်လ်ဖာ၏စိတ်သည် မိုက်မဲသောအရူးလေးကို ချက်ချင်းပုံဖော်လိုက်ပြီး၊ လျှော်ထားသောကြောင့် အရောင်ဖျော့ဖျော့နေပြီဖြစ်သည့် အရုပ်အတန်းလိုက်ကြီးသည်လည်း  ဖျတ်ခနဲ စိတ်ထဲ ရောက်လာခဲ့လေ၏။ အယ်လ်ဖာသည် မမြင်ရသည့် တွန်းအားတစ်ခုမှ ‌တွန်းထုတ်လိုက်သကဲ့သို့ လျှောက်သွားခဲ့လေ၏။

သူသည် ပန်းစည်းကိုကြည့်လိုက်ကာ ၎င်းတို့ကို ၀ယ်ခဲ့လိုက်လေ၏။မိုးရေစက်အနည်းငယ်သည် ရိုးရှင်းသောထုပ်ပိုးမှုမှ လျှောကျသွားပြီး အယ်လ်ဖာ၏ တန်ဖိုးကြီးဝတ်စုံပေါ်သို့ ကျသွားလေသည်။

ဟမ့်၊ ချစ်ရတဲ့လူအတွက် ဝယ်လာတာမျိုး မဟုတ်ပါဘူးနော်။

မိုးရွာနေတာကြောင့် သူ အဘွားကြီးကို အလုပ်မြန်မြန်ပြီးစေချင်ရုံပါပဲ။

မိုက်မဲသောအရူးလေးသည် ပန်းများကိုမြင်လိုက်သောအခါ သူ့မျက်လုံးလေးများ တောက်ပလာခဲ့လေသည်။

"ဒါက ကျွန်တော့်အတွက်လား" သူ အလွန်ပျော်သွားပြီး အနည်းငယ်ရှုပ်ထွေးလာခဲ့လေ၏။ သူ ပန်းများကိုယူဖို့ လက်လှမ်းလိုက်ဖို့ကြိုးစားခဲ့သော်လည်း အဆုံးမှာတော့ မညစ်ပတ်နေသော်လည်း သူလက်များကို သုတ်နေလိုက်လေ၏။

တကယ်ကြီး သူ့ကို ပန်းတွေပေးခဲ့တာပဲ။ ဝူးဝူးဝူး၊ ဘာလို့ သူ့လောင်ကုန်းက သူ့ကို ရုတ်တရတ်ကြီး အရမ်းကောင်းလာတာလဲ။

အရူးလေးလက်ထပ်တော့မယ် 《 မြန်မာဘာသာပြန် 》Where stories live. Discover now