Prologue

352 25 6
                                    

#CloudsofYesterday #GL

သေချာတာတစ်ခုတော့ရှိပါတယ်။ သူနဲ့မတွေ့ခင်အထိ ကျွန်မ တိမ်တွေကို မချစ်တတ်ခဲ့ပါဘူး။

===========================================================================

လောလောလတ်လတ် မိုးရွာပြီးစဖြစ်၍ မြက်ခင်းပြင်က စိမ်းလန်းနေကာ ရေစက်လေးတွေ သီးနေသေး သည်။ တကယ်တော့ ဒီလို အချိန်မျိုးကို သူ သဘောအကျဆုံးဖြစ်သည်။ မိုးနံ့ မြေနံ့ ကောင်းကောင်းမွန်မွန် ရနိုင်ပြီး မြင်လေရာ စိမ်းစိုလတ်ဆတ်သော ကမ္ဘာကြီးမဟုတ်လား။ ဖြစ်နိုင်လျှင် စီးထားသော sneaker ကို ချွတ်ကာ မြက်ခင်းပြင်ကြားထဲသို့ ခြေဖဝါးကလေးများ စိမ်ထားချင်သေးသည်။ အေးမြစိုစွတ်နေမည့် အထိအတွေ့ကို တွေးကြည့်မိရုံနှင့်တင် ရင်ထဲ တလှပ်လှပ်တုန်လာသလိုပဲ။ သူ တကယ်ကို သည်းမခံချင် တော့ပါ။ ပုခုံးထက်မှ တယောကို လွှတ်ချချင်စိတ်ကို မနည်းထိန်းနေရပြီ။ သို့သော် သူ့မှာ တာဝန်တွေရှိ သေးသည်။ ခဏနေလျှင် အဆောက်အဦးအထဲမှာ တယောဖြင့် ဖျော်ဖြေရဦးမည်။

အနီးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်မိတော့ လူငယ်လူရွယ်အများစုက အစုအဖွဲ့ကိုယ်စီဖြင့် ရှိနေကြသည်။ ကန်တင်းတွင်တော့ နိုင်ငံခြားသားများ စုဝေးထိုင်နေ၏။ စတိတ်စင်နားတွင်တော့ ကြိုတင် ပြင်ဆင်နေကြသူ တချို့ကိုတွေ့ရသည်။ သူ အကြံတစ်ချက်ရသွားပြီ။

စက္ကန့်ပိုင်းအတွင်းမှာတင် တယောဘူးကို ချလိုက်ကာ တယောကို ထုတ်ယူလိုက်၏။ သူ့ကို တချို့တွေ ကြည့်လာကြလည်း ဂရုမစိုက်ပါ။ ဘာဖြစ်သလဲလေ။ စိတ်အလိုကို လိုက်တာ ဘာများမှားလို့လဲ။ ဖိနပ်ရော ခြေအိတ်ရောကို ချွတ်လိုက်ကာ ခြေဗလာဖြင့် မြက်ခင်းပြင်ထဲသို့ ဝင်ရပ်လိုက်တော့ သူ့ကိုကြည့်နေသူက ပိုတောင်များလာသေးသည်။ နိုင်ငံခြားသားတွေပါ ထ လာကြ၏။ အဝင်ဝမှ လုံခြုံရေးဦးလေးကြီးကလည်း သတိအနေအထားဖြင့် ကြည့်လာသည်။

ဘာဖြစ်သလဲ။ ဒါဟာ ပြင်သစ်ယဉ်ကျေးမှုဌာနပဲလေ။ အနုပညာကို အလေးထားတဲ့ နေရာဌာနပဲလေ။

စိုစွတ်နူးညံ့သော မြက်ပင်လေးများကြားမှာ ရပ်လိုက်ရ၍ဖြစ်မည်။ တစ်ကိုယ်လုံးယိမ်းယိုင်ချင်လာကာ လက်မှလည်း အမြဲလိုလို အလွတ်ရနေသော တေးသွားကို တီးလိုက်မိတော့သည်။ Yiruma ရဲ့ Kiss The Rain နဲ့ အလိုက်ဖက်ဆုံးအချိန်ကာလမဟုတ်လား။ သူ မျက်ဝန်းများကို မှိတ်ထားပါသည်။ နားထဲမှာ တယောကြိုးမှာ ဆွဲဆွဲငင်ငင်ထွက်ပေါ်လာသောအသံသာရှိမည်။ အုတ်တံတိုင်းပင်မခြားသည့် ပြည်လမ်း ထက်က ကားသံ၊ လူသံတွေကို သူ အာရုံမရှိတော့ပါ။ သူ့စိတ်သည် ပြင်သစ်ယဉ်ကျေးမှုဌာန၏ ငှက် ကလေးတစ်ကောင်အလား ဖြစ်သွားပြီ။ မိုးတိမ်တွေဆီ ပျံသန်းသွားမည့် ငှက်ကလေးတစ်ကောင်ဟာ သူ ပေါ့။ မိုးတိမ်တွေရှိရာကိုသွားလျှင် မိုးမိမည်လား၊ လျှပ်စီးမိုးကြိုးတွေနှင့်ရင်ဆိုင်ရမည်လား။ ဒါဆိုလည်း ငှက်ကလေးဟာ ပျော်ရွှင်မိဦးမည်ထင်ပါသည်လေ။ မိုးတိမ်တွေဆီ သွားရောက်ခဲ့သော သူ့ခရီးကို မှတ်တမ်းတင်မည့်သူမရှိလည်း အဆင်ပြေပါသည်။ အဆုံးမှာ မရောက်နိုင်ခဲ့ကြောင်း ဘယ်သူမှမသိတော့ ဘူးပေါ့လေ...။

You've reached the end of published parts.

⏰ Last updated: Oct 09, 2023 ⏰

Add this story to your Library to get notified about new parts!

Clouds of Yesterday - မနေ့ကရဲ့တိမ်တွေ [GL]Where stories live. Discover now