အချိန်အားဖြင့်ညနေလောက်ရောက်တော့ စက်ရုံရှေ့ရောက်နေပြီဆိုတဲ့ Jungkook ရဲ့ mess လေးဝင်လာပြီး မကြာပါဘူး စက်ရုံထဲဝင်လို့လာတဲ့ Jungkook..

အရင်ဆို တခါမှမလာဖူးဘူး သူကလည်း ဟန်ဆောင်လက်ထပ်ထားတာကြောင့် သူတို့နှစ်ယောက်ရဲ့ပက်သက်မှုကိုလူတွေမသိအောင်သူနေသည်..

စက်ရုံံမှာက အဒေါ်ကြီးတွေက ရပ်ကွက်ရဲ့ CCTV တွေလေ..6 လများပြည့်ခဲ့လို့ သူတို့လမ်းခွဲခဲ့ကြလည်း ဘယ်သူမှမသိ တိတ်တိတ်လေးပြီးသွားစေချင်တာလည်းပါသည်..

အခုတော့ သူမခေါ်ပါပဲ ဝင်လို့လာတဲ့ Jungkook..ပိတ်စညှပ်နေရင်း စက်ရုံတခုလုံး စက်သံတွေတိတ်ဆိတ်သွားတာကြောင့် Taehyung လည်း ပိတ်စညှပ်နေရင်းအနောက်သို့လှည့်ကြည့်လိုက်သည်..

စက်ရုံအဝင်အဝမှာရပ်လို့နေတဲ့ Jungkook..
အဒေါ်ကြီးတွေဆိုတာစက်ခုံနားမှာမရှိတော့ Jungkook ရဲ့နားသို့ရောက်လို့နေကြပြီ..

" ကောင်လေး ဘယ်သူစီလာတာလည်း လမ်းမှားပြီးလာတာလား ဒါမှမဟုတ် မမတို့စီမှာအော်ဒါများအပ်ချင်လို့လား "

အရှေ့မှာကြူးချင်တိုင်းကြူးနေကြတဲ့ အဒေါ်ကြီးများ Taehyung ဟာညှပ်လက်စ ပိတ်စကိုရပ်ကာ မလှမ်းမကန်းကိုလျှောက်လို့လာပြီး

" Jungkook "

Taehyung ခေါ်လိုက်တော့ အဒေါ်ကြီးတွေရော Jungkook ကို သူ့ကိုလှမ်းကြည့်ကြသည်..

" ကောင်လေးက Taehyung ရဲ့အသိလား "

"Taehyung ရဲ့ အမျိုးသားပါ "

Jungkook ရဲ့ စကားကြောင့် Taehyung ရော အဒေါ်ကြီးတွေပါ မျက်လုံးပြူးလို့သွားသည်..
အဒေါ်ကြီးတွေက မသိလို့ပြူးကြသလို Taehyung ကတော့ ခုလိုမပြောဘူးထင်လို့ပြူးရသည်..

" ဟော Jungkook. Taehyung ကိုလာကြိုတာလား."

" ဟုတ် ဦးလေး "

အဒေါ်ကြီးတွေရဲ့ပေါက်ပေါက်ဖောက်သံတွေကိုကြားရတော့မှာဖြစ်တာကြောင့် Taehyung လည်း အိတ်ကိုဆွဲကာ ဦးလေးကိုနှုတ်ဆက်ပြီး Jungkook ရဲ့လက်ကိုဆွဲကာ စက်ရုံအပြင်သို့ ခက်သုတ်သုတ်ထွက်လာခဲ့လိုက်သည်..

" Tae ဘာဖြစ်လို့လည်း "

"ဘာလို့အဲ့လိုပြောတာလည်း "

Impersonator Lover (complete) Where stories live. Discover now