ဘာဒါအပြင်သွားတော့ ဆိုယွန်းအလုပ်လုပ်ရင်းကျန်ခဲ့တယ်။
မျက်နှာချင်းမဆိုင်ရဲလို့ ရှောင်နေပေမယ့် တစ်အိမ်ထဲနေတာမို့လို့ ဘယ်လောက်မှရှောင်လို့မရနိုင်။ တည့်တည့်တိုးရင်လည်း သူဘာပြောမလဲတွေးပြီး အတွေးလွန်နေမိတယ်။
မတော်တဆမို့ တောင်းပန်တယ်လို့ပြောမလား။
တမင်လုပ်တာလို့ပြောမလား။ တမင်လုပ်တာဆို ဘာလို့လဲ?? မီယွန်းကိုလည်း မပြောရဲ ။ တစ်ယောက်ထဲ ကြိတ်ဖြေရှင်းကြည့်မယ်ဆိုပြီးနေလိုက်ပေမယ့် အလုပ်လုပ်ရင်း ခေါင်းထဲ အဲဒီအကြောင်းပဲရောက်နေတယ်။ မှန်ကြည့်ရင်လည်း နှုတ်ခမ်းကိုပဲ ကြည့်မိပြီး ဘာဒါနှုတ်ခမ်းတွေကိုပဲ မြင်ယောင်နေမိတယ်။ ဘာဒါ့အနမ်းတွေကိုပဲ သတိရမိပြီး ခေါင်းတွေလည်း ခါရလွန်းလို့ မူးနေပြီ။

ရူးတော့မယ်။

ညနေလောက်ကျ ထယ်ဂျွန်းဖုန်းဆက်တယ်။
သူ့သူငယ်ချင်းcompanyက ပွဲတစ်ပွဲစီစဥ်ထားလို့ အတူတူတက်ပေးဖို့ပြောတယ်။ ဆိုယွန်းကိုအလုပ်ကမ်းလှမ်းထားတဲ့သူမလို့ တက်သင့်ကြောင်း တခြားအသိတွေလည်းတိုးလာနိုင်ကြောင်းပြောရင်း စည်းရုံးနေတယ်။
ဘယ်အချိန်လဲမေးတော့ မနက်ဖြန် ၇နာရီတဲ့။
အလုပ်ကိစ္စနဲ့ပက်သက်နေတော့ ပွဲတွေတက်ချင်စိတ်မရှိပေမယ့် လက်ခံလိုက်တယ်။

ဆိုယွန်းညစာစားနေတုန်း ဘာဒါအိမ်ပြန်ရောက်လာတယ်။
စားရင်းတန်းလန်းဆိုတော့ ထပြေးလို့လည်းမရ။ ဘာဒါ အိတ်ကို ဆိုဖာပေါ်တင်လိုက်ပြီး ခပ်တည်တည်နဲ့ ထမင်းစားပွဲဝင်ထိုင်တယ်။
ဆိုယွန်းဘာမှမပြောပဲ ထမင်းထခူးပေးလိုက်တယ်။
ထမင်းခူးနေတုန်း အနားမှာလာရပ်တော့ တွန့်ခနဲဖြစ်သွားပြီး နောက်ဆုတ်လိုက်မိတယ်။
ဘာဒါက ဘာမှမပြောပဲ ဆိုယွန်းလက်ထဲက ထမင်းပန်းကန်ကိုယူပြီး ခုံမှာပြန်ထိုင်တယ်။
နှစ်​ယောက်သား ဘာမှာမပြောပဲ စားနေကြပြီး
''မနက်ဖြန်'' ''မနက်ဖြန်''
ပြိုင်တူ အသံထွက်သွားပြီး တစ်ယောက်ကိုတစ်ယောက်မော့ကြည့်မိတယ်။ မျက်လုံးချင်းဆုံတာနဲ့ ဆိုယွန်းက ချက်ချင်းမျက်လွှာချလိုက်ပြီး အနားမှာချထားတဲ့ ရေခွက်ကိုမော့သောက်လိုက်တယ်။ ပြီးတော့ ရေသောက်မှားပြီး ချောင်းဆိုးပါလေရော။ ဘာဒါအနားကိုလာပြီး တစ်ရှူးကမ်းပေး ကျောပုတ်ပေးလုပ်ပြီးတော့ သက်ပြင်းတစ်ချက်ချလိုက်တယ်။ ပြီးတော့
''မနေ့ကကိစ္စ ခေါင်းထဲသိပ်မထားနဲ့''
အဲဒီနောက် ဘာမှဆက်မပြောဖြစ်ကြတော့ဘူး..။

ချစ်မိသော ပင်လယ် Where stories live. Discover now