ရည်းစားဖြစ်ပြီး ၃ ပတ်ကြာပြီးတဲ့အထိ ဘာပြဿနာမှမဖြစ်။ မဖြစ်ဆို ၃ ပတ်လောက်နဲ့ ဘယ်သူကဘာဖြစ်ဦးမှာလဲနော်။ ပြီးတော့ ထူးဆန်းတာတစ်ခုက တစ်ရက်မှကို
Video call မပြော ဖုန်းလည်းမခေါ်ဘဲ စာတွေချည်းပို့နေကြတာ။ ကျွန်တော်ကတော့ ရိုမန်တစ်ဆန်ပြီး ချစ်တတ်သူပီပီ အမြဲတမ်း ဖုန်းပြောပြီး တစ်ယောက်အကြောင်းတစ်ယောက်သိအောင်ပိုပြောချင်ပေမယ့် အစ်ကို့ဘက်ကိုကြည့်ပြီး အမြဲအလျှော့ပေးခဲ့တာချည်း။ဒီနေ့လည်းထိုနည်းလည်းကောင်း။ အစ်ကိုက စောစောရုံးသွားရသူပီပီ အစောကြီးအိပ်သွားပြီ။
'ကို အိပ်တော့မယ် တတာနော်' တဲ့။ဒီကလူက အခုမှစကားပြောမယ်ကြံရုံရှိသေး။
ပေါက်ကွဲသံစဉ်တွေက ခေါင်းထဲမှာပလူပျံနေပြီ။ ရည်းစားဖြစ်နေပြီဆိုမှတော့ နည်းနည်းတော့ အတန်းရှင်းလေး ပေးရမယ်မဟုတ်ဘူးလား? စိတ်ကလေးကတိုချင်လာပေမယ့် အစ်ကိုက တစ်နေ့လုံးပင်ပန်းနေတာ နားလည်ပေးရမယ်လေဆိုပြီး ပြန်လျှော့လိုက်သည်။
'အိပ်ပေါ့... သူအိပ်ရင် ငါဇာတ်ကားကြည့်လို့ရပြီ'
အင်စတာထဲကို လုံးဝပြန်ဝင်မကြည့်တော့ဘဲ ဇာတ်ကားတစ်ကားဖွင့်လိုက်သည်။ ထိုင်းသရဲကားတစ်ကား။
ညည ဆိုသရဲကားကြည့်တတ်တဲ့ အကျင့်ကလည်း ဘယ်တော့မှပျောက်မယ်မသိ။သရဲကားသာကြည့်နေရသည်။ စိတ်ထဲက ကိုကို့ဆီမှာ။ ဖုန်းကိုလည်းဖွင့်ကြည့်လိုက်စာပို့မထားရင်ပြန်ပိတ်လိုက်နဲ့ အလုပ်ကရှုပ်ရသေးသည်။
ဖုန်းသံတွေလည်းဖွင့်။ လိုင်းလည်းဖွင့်ထားပါရက်နဲ့ စာမပို့ထားတဲ့ ကိုကိုကတော့ တကယ်အိပ်သွားပြီထင်ပါသည်။
သူကတော့ စောစောမအိပ်တတ်။ ညဆို ၁၂ လောက်မှအနည်းဆုံးထားပြီး အိပ်တတ်တဲ့သူမို့လို ကိုကိုက ဂွတ်နိုက်နော် ဆို ပြန် ဂွတ်နိုင်လို်က်ရပေမယ့် မအိပ်ဖြစ်။
___________________
ညက ဘယ်လောက်ပဲ စိတ်ဆိုးဆိုး မနက်မိုးလင်းဖုန်းဖွင့်လိုက်တာနဲ့ ပို့ထားတဲ့ 'မောနင်း ကလေးလေး' ဆိုတဲ့စာလေးက မနက်ခင်းအပြုံးလေးကိုဆောင်ကြဉ်းပေးနိုင်သည်။
YOU ARE READING
As Far, We Apart (DOYOSHI)
FanfictionWe met and fell in love unexpectedly but as far, we apart ....