(၁)
'ဟိတ် ကောင်လေး အဆင်ပြေရဲ့လား'
မတ်တပ်ရပ်ပြီး ရေပုလင်းကိုမော့သောက်ရင်းနဲ့ မေးလိုက်သည်။ အမေးခံရသူကတော့ တုပ်တုပ်မျှမလှုပ်။
ရေကုန်သွားတဲ့ပုလင်းအလွတ်ကို လက်နဲ့ဖျစ်ညှစ်လိုက်ပြီး အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။ လူကသာဓာတ်ပုံဆရာဆိုပေမယ့် မြားပစ်သမားလိုလက်ကတည့်၏။
'ဟိတ် .. အဆင်ပြေရဲ့လားလို့'
သူ့ကုတင်ပေါ်မှာလှဲအိပ်ပြီး ကျောပေးထားတဲ့ ကောင်လေးတစ်ယောက်ကို ရပ်ကြည့်လိုက် ထိုင်ကြည့်လိုက်လုပ်နေတဲ့ မိနစ် ၂၀ လောက်ရှိတော့မည်ထင်သည်။
တခြားသူတွေကတော့ ကိုယ်စီကိုယ်စီ ပြဿနာလေးတွေ နဲ့ ဒရာမာလေးတွေဖြေရှင်းဖို့ ခွက်လေးကိုယ်စီကိုင်ပြီး အလျှိုလျှိုထွက်သွားကြပြီ။
မှာထားခဲ့တဲ့ ဘီယာတစ်တိုင်ကလည်း တစ်စက်မှတောင်မကျန်တော့။
'တောက်... ငါ့ဖို့ တစ်ခွက်လေးတောင်ချန်မထားခဲ့ဘူး... မူးတောင်မမူးလိုက်ရဘူး ငါကွာ'
စိတ်ပျက်လက်ပျက်နဲ့ တောက်ခေါက်လိုက်ပြီး ခွက်ထဲက လက်ကျန်ဘီယာကိုပဲ အကုန်မော့ချလိုက်ရတော့သည်။
'ဟင်း..ဟင်း' ညီးသံပေးပြီး တစ်ဖက်ကိုလှည့်လာတဲ့ ကောင်လေးက မျက်လုံးကိုမှိတ်ထားဆဲ။ မျက်နှာတွေလည်း နီလို့။
'ဟင်း...ဟင်း'
ထပ်ညီးပြန်တော့ ယိုရှိလည်း သူ့ဘေးမှာထိုင်ချပြီး နဖူးကိုစမ်းကြည့်လိုက်သည်။
'ဖျားနေတာလား?'
ဘီယာသောက်ပြီး ကိုယ်အပူချိန်တွေ ပူလာတာလားမသိ.. ဖျားနေလို့ပဲ ပူနေတာလားမသိဖြစ်နေတော့ သူလည်းဘာလုပ်ရမလဲမသိတော့။
'ဒိုယောင်း...မင်းနေမကောင်းဘူးလား'
ဒီတစ်ခါတော့ ကောင်လေးက မျက်လုံးကိုမသိမသာဖွင့်ပြီး စကားပြန်ပြောသည်။
'ဟင်...အင်း..ထင်တာပဲ'
မူးနေတော့ အသံက မပီမပြင် နဲ့ နှေးနှေးတိုးတိုးလေး။
'နေပါဦး ဘာလို့ရုတ်တရက်ကြီး ဖျားရတာလဲ..တစ်နေ့လုံး အကောင်းကို'
YOU ARE READING
As Far, We Apart (DOYOSHI)
FanfictionWe met and fell in love unexpectedly but as far, we apart ....