'ဪ ဆိုးလ်ရုံးကလူတွေလား? သိတာပေါ့ အစ်မကအဲ့ကနေ ဒီရောက်လာတာ ၁ နှစ်ကျော်ကျော်ပဲရှိဦးမယ်'
'ဒါဆိုအစ်မ အစ်ကိုယိုရှိတို့နဲ့သိမှာပေါ့'
'သိတာပေါ့..အရင်ကဆိုသောက်ဖော်သောက်ဖက်ပဲတွေလေ'
ညစာကိုအတူတူ အဆောင်မှာစားကြရင်းစကားစမြည်ပြောဖြစ်တော့ အစ်ကို့ကိုပါဆွဲထည့်မိလိုက်သေးသည်။ အစ်ကို့အကြောင်းကိုတခြားသူဆီကနေပဲဖြစ်ဖြစ်နည်းနည်းတော့သိချင်မိသည်။
အခုတော့ အစ်မအွန်းဂျီနဲ့အသိဆိုတော့ စကားပြောစရာလူတစ်ယောက်တော့ရပြီ။
'သူဒီလာတုန်းကပါလာသေးတယ်မလား? သူတို့နဲ့အတူပါလာတဲ့သူတွေကတောင်သူ့ကိုစနေကြသေးတယ်'
'ဟုတ်လား ဘာလို့လဲ အစ်မ'
'ဘယ်သိမလဲ..ဆန်မုန့် ဆန်မုန့်ဆိုပြီး ခေါ်ပြီးရယ်နေကြတာ..သူ့မှာမျက်နှာတွေနီရဲလို့ဆိုလားပဲ'
ဒီလိုလေးပြန်ကြားရတော့လည်း ရင်ထဲမှာပီတိတွေကဖြာနေရပြန်သည်။ အစ်ကိုကတကယ်ပဲသူ့ကို စိတ်ထဲရှိနေတာလား?
မနက်ဖြန်ကိုဆိုးလ်ကဌာနမှူးက ဂျယ်ဂျူဘက်ကိုလာပြီး အခြေအနေလာကြည့်မှာဖြစ်တဲ့အတွက် ဒီညပြင်စရာရှိတာပြင်ရမည်။ ပထမဦးဆုံးတွေ့ဖူးတာမို့လို့ ဌာနမှူးမျက်နှာပျက်အောင်လုပ်လို့ကလည်းမဖြစ်။
*ဒိုယောင်း ဘာလုပ်နေလဲ*
အလုပ်လုပ်နေတုန်းအချိန်ကိုက်ကို အကိုကစာပို့တော့ အလုပ်ကတော့လုပ်ဖြစ်ဦးမယ်မထင်။
*မနက်ဖြန်အတွက်ပြင်မလို့ အစ်ကိုရော?*
*သောက်နေတာပေါ့ .. အကိုမနေ့ကပြောထားတယ်လေ..ဒီနေ့ပွဲရှိတယ်လို့*
*သောက်သောက် .. အိမ်လည်းစောစောပြန်ဦး*
*အိမ်မပြန်ခဲ့တဲ့ညတွေတောင်ရှိတယ်*
*ဟုတ်လား? ဒီနေ့ညရော ပြန်ဖို့ရှိလား?*
*အခြေအနေအရပဲ*
ပြောရင်းဆိုရင်းနဲ့ အစ်ကိုက ဖုန်းခေါ်လာတော့ မျက်လုံးမျက်ဆန်တွေပြူးသွားရသည်။ ဒါအစ်ကို့ဆီကနေ ပထမဦးဆုံးခေါ်တဲ့ ဖုန်းအဝင်ကော။
YOU ARE READING
As Far, We Apart (DOYOSHI)
FanfictionWe met and fell in love unexpectedly but as far, we apart ....