"ယောင်ယောင် ဒီပထမဦးဆုံးနေ့မှာတင် တွေ့ရမယ်လို့ မထင်ထားဘူး"

စွန်းဝမ်ကလည်း ယဲ့ကျန်းကို မြင်ရသည့်အတွက် ပျော်သွားသည်။

ယဲ့ကျန်းက စကားတစ်ခွန်းမှ မဆိုရချိန်မှာတင် တစ်ဖက်က ဆက်ပြောပြန်သည်။

"ကံကောင်းစွာနဲ့ ဒါကတကယ် ကံကောင်းတဲ့ တိုက်ဆိုင်မှုလို့ ပြောလို့ရတယ်။ ငါနင်နဲ့တွေ့တာ ဘယ်လောက် ကံကောင်းလိုက်သလဲ။ မဟုတ်ရင် ငါဘာလုပ်ရမယ်မှန်းတောင် သိမှာမဟုတ်ဘူး။ ငါက သိပ်မကြာခင်ကမှ မြို့တော်ကိုရောက်တာလေ။ ဘယ်သူနဲ့မှလည်း မသိဘူး။ ဒါကြောင့် စကားပြောဖော်လည်း ရှာမရဘူးဖြစ်နေတာ"

စွန်းဝမ်အတွက် စကားပြောရခြင်းက ပုံမှန်ကိစ္စဖြစ်နေသည်။ ယဲ့ကျန်းကလည်း ငြိမ်သက်စွာသာ နားထောင်ပေသည်။ နောက်ဆုံးမှသာ သူမစကားပြောရန် အခွင့်အရေး ရလာသည်။

"တို့လည်းအခုမှ ရောက်တာပဲ။ မမျှော်လင့်ထားဘဲ မင်းနဲ့တွေ့ရမယ်လို့ မထင်ထားမိဘူး"

သူတို့၏ စားမေးပွဲဖြေသော နေ့ကတည်းက စွန်းဝမ်ဟာ ယဲ့ကျန်းအပေါ် ချစ်ခင်နှစ်သက်မှုကို ပြသခဲ့သည်။ ယဲ့ကျန်းအနေနှင့်လည်း ထိုတက်ကြွသောမိန်းကလေးက ကောင်းမွန်သည်ဟု ခံစားရသည်။ စွန်းဝမ်အနေဖြင့် မိတ်ဆွေအမြောက်အများ ဖွဲ့ရခြင်းကို နှစ်သက်လေ့ရှိပြီး မျက်နှာကိုအဓိက ထားကြည့်သည်။ ရုပ်ချောကာ ကြည့်ကောင်းသော လူတစ်ယောက်ကို မြင်လိုက်သည်နှင့် ထိုလူဟာ စွန်းဝမ်၏ သဘောအကျဆုံး မိတ်ဆွေဖြစ်သွားတော့သည်။

"ယောင်ယောင် ငါတို့အတန်းတူမယ်လို့ ထင်တယ်"

"တို့လည်း အဲ့ဒီလိုပဲထင်တယ်"

သူမယခင်ဘဝတွင် ယဲ့ကျန်းက အမြဲတစေ တသီးတသန့် နေထိုင်ရသည့်အတွက် ရင်းနှီးသော အမျိုးသမီး မိတ်ဆွေဟူ၍ မရှိခဲ့ချေ။ ယခုကဲ့သို့ တက်ကြွလွန်းသော စွန်းဝမ်နှင့် ကြုံရသည်က မပြင်ဆင်ထားဘဲ ကျူးကျော်ခံရသလိုမျိုး ရုတ်တရက် မည်သို့တုန့်ပြန်ရမည်ကို မနည်းစဉ်းစားရနေတော့သည်။

ယဲ့ကျန်း၏ တောင့်တင်းမှုကို သတိမထားမိသော စွန်းဝမ်က တက်ကြွစွာဖြင့် သူမ၏ မသက်မသာဖြစ်မှုကို ဖြေလျော့ပေးသည်။ ထို့နောက် ယဲ့ကျန်း၏လက်ကိုဆွဲကာ အဆောင်ထဲသို့ ခေါ်ကာဝင်သွားတော့သည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now