"မြို့အုပ်နဲ့ ကျန့်ကျန့်နဲ့က အိမ်ထောင်ကျပြီးသွားပြီလေ"

"အဲ့တော့...."

"အဲ့တော့...မြို့အုပ်ကအိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ အနစ်နာ
ခံပြီးဟိုမှာသွားအိပ်ပေါ့ နော်..."

"ဆုတောင်းလိုက်"

မြို့အုပ်၀မ်ကပြောပြောဆိုဆိုနဲ့ စောင်ကိုဆွဲကာခေါင်းအုံးကိုပါဆွဲ
ပြီးအိပ်လိုက်သည် ရှောင်ကျန့်ကမရပြန်ဆွဲသည် ။

"ဒါကျန့်ကျန့်အိပ်ယာ..."

"အိမ်မက်မက်နေ ဒါငါ့အိမ်အကုန်လုံးငါ့အပိုင်ပဲ"

"ဟွန်း..."

ရှောင်ကျန့်ပြတင်းပေါက်ဘေးနားမှာမကျေမချမ်းနဲ့သွားအိပ်မယ်
လို့မထင်ပါနဲ့ ခေါင်းအုံးကိုပြန်ဆွဲလာကာ မြို့အုပ်၀မ်ဘေးနားမှာ
လာအိပ်သည် Alpha နဲ့မအိပ်ချင်ပေမဲ့လည်း မာနကလည်း
မသေးချင်တာကြောင့်ပဲဘေးနားမှာအိပ်နေရသည်။

ရှောင်ကျန့်အိပ်ဖို့အတွက် မျက်လုံးလေးမှိတ်လိုက်တော့ နှာခေါင်းထဲကို၀င်လာသော အနံ့တစ်မျိုးကြောင့် မျက်လုံးပြန်ပွင့်လာသည် ဒီအနံ့က မြို့အုပ်၀မ်ရဲ့ ဟော်မုန်းအနံ့လား
မြို့အုပ်၀မ်ကအိပ်ရင် ဟော်မုန်းအနံ့ကိုထုတ်ထားတတ်တာလား။

"ငါအိပ်ရင် ဟော်မုန်းအနံ့ထုတ်ထားတတ်တယ် မင်းကBetaဆိုတော့ အဆင်ပြေလောက်မှာပါ"

"...."

Betaတွေက alphaတွေရဲ့ ဟော်မုန်းအနံ့ကိုတောင်မရနိုင်ကြတဲ့
သာမာန်လူတွေပါပဲ သူတို့ကိုယ်တိုင်လည်း ဟော်မုန်းအနံ့မထုတ်နိုင်ကြပါဘူး ရှောင်ကျန့်ကလည်း သူ့ကိုယ်သူbeta ပါဆိုပြီလိမ်ထားတော့လည်း။

ဆေးသောက်ထားတာမလို့လည်း အနံ့ကအရမ်းကြီးသူ့အပေါ်မကျရောက်တာကြောင့် အဆင်ပြေပါတယ် ရှောင်ကျန့်အိပ်လိုက်သည်။

သတိလက်လွတ်ချိန်မှာ omegaဖြစ်တဲ့သူလည်းဟော်မုန်းအနံ့
ထုတ်မိတတ်တာကြောင့် သတိတကြီးနဲ့အိပ်ရပါတယ် Omega
တွေရဲ့ အနံ့ကိုရရင် Alphaတွေကစိတ်မထိန်းနိုင်ကြတော့ပဲ
sexလုပ်ကြတယ် ဒါပေမဲ့လည်း ဆေးသောက်ထားတာဖြစ်လို့
အနံ့ကိုထိန်းပေးနိုင်ပါတယ် ။
__________
မနက်ရောက်တော့ Alpha ဟော်မုန်းနံ့တွေမရှိတော့ပါ ဘေးနားမှာလည်းမြို့အုပ်၀မ်လည်းမရှိတော့ပါပေ တော်သေးတာပေါ့ ဖိုးဖိုးပေးတဲ့‌ဆေးကယ်လို့ပေါ့ မဟုတ်ရင်
တော့မနေ့ညထဲက လူပျိုရည်လေးပျက်ပြီး မနက်ကျရင် စစ်ပွဲဖြစ်
ကြမဲ့မျိုး ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now