၁။

88 4 0
                                    

<<Unicode>>

[၁]

.

.

.

လူသားများသည်ကား တလွဲကောင်းမှုအကြောင်းပြု၍ တစ်နေ့တစ်ခြားအရည်ထူလာကြသည်ပင်။ရှက်ရမည့်ကိစ္စများကိုပင် သာမန်မှုပြုလာကြကာ...ရွှန်းစိုနေသောမျက်၀န်များနှင့်ပင် ပြုံးပြလာတက်ကြသေး၏။မည်သို့ပင်ဖြစ်စေကာမူ...ဂွင်ဖမ်းတက်ကြသည်က လူသားများ၏ဗီဇပင်ဖြစ်လေသည်။သူသူငါငါသည်ကား အချိန်ကောင်းကို စောင့်၍ ကိုယ့်အလှည့်ကြုံလာသည်နှင့် မဲ့ပြုံးပြုံးတက်ကြသည်သာ။

"အမောင်ကျူးသစ်!"

မိန်းမတစ်ဦး၏စူအောင့်အောင့်အသံသည်ကား လေ‌အဝှေ့နှင့်အတူပါလာလေသည်။ထိုအသံ၌ အာဏာသံစွတ်လျှက်သား။

"ရေတစ်ပုံးသွားဆွဲခဲ့ဦး..၊ ပန်းတွေ ခြောက်နေပြီ"

ထိုအသံအဆုံး၌ ခပ်လှမ်းလှမ်းတွင် မားမားမတ်မတ်ရှိနေခဲ့သောအသွင်သဏ္ဍာန်သည် ခပ်ရို့ရို့လှုပ်ရှားလာကာ ၊ သူ၏ရင်ခွင်တွင်ပိုက်ထားသော နှင်းဆီရိုင်းပွင့်များစုစည်းထားသည့်ဖရိုဖရဲပန်းစည်းကြီးကို နီးစပ်ရာ ခုံတန်းပေါ်သို့ ချလိုက်လေသည်။မသန့်စင်ထားသော နှီးဖတ်များထံမှ ရွံ့အနည်းငယ်သည်ကား သူ၏ဖျော့တော့တော့အပြာရောင်အင်္ကျီ၏ ရင်ဘက်တစ်ဝိုက်၌ စွန်းထင်းလျှက်သား။

"သိပြီ ဒေါ်လေး.."

လေသံသည်ကား နုနယ်သည့်တိုင် ခပ်အေးအေး။

လူအများ ပျားပန်းခပ်မျှလှုပ်ရှားနေသည့် ဈေးလမ်းထဲတွင်ဖြစ်သည့်အလျောက် လူငယ်တစ်ယောက်သာဖြစ်သည့် သူ၏ပုံရိပ်သည်ကား ထင်ပေါ်လိမ့်မည်မဟုတ်ချေ။မြင့်မိုးနေသောအရပ်နှင့် ဝါဖျော့နေသောသူ၏အသားအရည်သည်ကား ခပ်နွမ်းနွမ်းအင်္ကျီပြာဖြင့်သာ ဖုံးအုပ်ထားသည်မို့..။ရေပြင်ကဲ့သို့ တည်ငြိမ်နေသော သူ၏အထက်တန်းစားဆန်ဆန် ချောမောသောမျက်နှာသည်ကား ‌ရေခဲကဲ့သို့ အေးစက်စက်‌ဖြစ်နေလေသည်။

ဖွံ့ဖြိုးထွန်းကားမှုတုံ့နှေးနေသော နယ်မြေ‌ထဲရှိ မြို့ငယ်လေးဖြစ်သည့်အလျောက်..အထင်ကရနယ်မြေများ၏ခြေဖျားမျှလောက်သာ နေထိုင်ကောင်း၏။မီးအား ၊ ရေအားနည်းကာ ၊ အချိန်မမှန် ရေရှား ၊ မီးပျက်ခြင်းများဖြစ်တက်သော သာမာန်အဆင့်နယ်မြေလေးဖြစ်သည့်အလျောက် လူနေမှုအဆင့်အတန်း နိမ့်ပါးလှသည်ပင်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: May 08 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

အထက်တန်းလွှာ(High-class)Tempat cerita menjadi hidup. Temukan sekarang