သိင်္ခနဲ့ လင်္ကာမှာ အနက်ရောင်အခိုးအငွေ့တွေ
ရစ်သိုင်းနေသည့်ဓါးကြောင့်အနောက်သို့ဆုတ်လိုက်ရသည်

ဒါကိုမြင်တော့အောက်လမ်းဆရာသာဂက
ဟက်ဟက်ပက်ရယ်မောတယ်

"ဟားဟား!ဟားဟား မင်းတို့လောက်ကတော့ သနားတယ်
မင်းတို့အရှင်တောင်ငါ့ကိုမယှဥ်နိုင်ဘူး ဟားဟားဟား!"

အရှင်ကိုထိဖို့မပြောနဲ့ စကားနဲ့မလေးမစားပြောတာတောင်လက်မခံနိုင်တဲ့သိင်္ခက
ဒေါသအလွန်ထွက်ကာ ရှေ့နောက်မစဥ်းစားဘဲ အောက်လမ်းဆရာသာဂအား
ဝင်လုံးတော့သည်.....

ဝင်လုံးရင်းနဲ့ အောက်လမ်းဆရာသာဂရဲ့ဓါးက
သိင်္ခရဲ့ ဝမ်းဗိုက်ကိုရှပ်ထိသွားပြီး လူအသွင်ပြန်ဖြစ်သွားတော့သည်

သူတို့မျိုးနွယ်ရဲ့သွေးနံ့ရတာနဲ့ တရားထိုင်နေသည့်
အသင်္ခရာမျက်ဝန်းတို့ပွင့်လာပြီး လက်သီးဆုပ်လိုက်သည်

"ရာရာစစ! ကျွန်ုပ်ရဲ့မျိုးနွယ်ကို
ကျွန်ုပ်ဂူထဲမှာထိခိုက်အောင်လုပ်ရဲတယ် ကောင်းကောင်းအသက်မရှင်ချင်တော့ဘူးထင်တယ်"

အသင်္ခရာကြိမ်းဝါးလိုက်ပြီး ခြေလှမ်းကျဲကြီးတွေဖြင့်
အောက်လမ်းဆရာသာဂတို့ဆီတစ်လှမ်းခြင်းလျှောက်သွားလိုက်သည်

"မင်းတို့ရဲ့အစွမ်းထက်လှပါရဲ့ဆိုတဲ့အရှင်တောင် အခုမင်းတို့ကိုလာမကယ်နိုင်တော့ဘူး"
သာဂ ဓါးအားမြှောက်ကာ သိင်္ခအားထိုးတော့မဲ့ဆဲဆဲတွင်
မိမိလက်အား တစ်စုံတစ်ရာကအားပြင်းပြင်းရိုက်ထုတ်လိုက်တာကြောင့်
အဝေးသို့ဓါးဟာလွင့်ထွက်သွားသည်

ဘယ်သူကမိမိအားလာရှုပ်တာလဲ သိချင်စိတ်ကြောင့်လှမ်းကြည့်လိုက်တော့
မြွေတစ်ပိုင်း လူတစ်ပိုင်းဖြစ်နေသည့်အသင်္ခရာက ဒေါသအမျက်ကြီးသော
မျက်ဝန်းတွေဖြင့် စူးစူးရဲရဲစိုက်ကြည့်နေသည်

"ဟားဟား နောက်ဆုံးတော့မင်းရောက်လာပြီပေါ့
ဒီနေ့ကစပြီး ငါ့အစေအပါးလုပ်ပေတော့ "

သာဂသူ့ဆေးလွယ်အိတ်ထဲက ပိုက်ကွန်ကိုထုတ်ယူကာကွန်ပစ်သလို
အသင်္ခရာဆီဝဲလိုက်သည်
ဒီပိုက်ကွန်က ဂါထာတွေ မန္တရားတွေနဲ့သေချာမန်းမှုတ်ထားတာ
မည်သို့သောအစွမ်းရှိသူဖြစ်ပါစေ ပိုက်ကွန်ကိုဖောက်မထွက်နိုင်ဘူး

မြွေဖြူအရှင်《Complete 》Where stories live. Discover now