ဘေးဘီကိုကြည့်ကာ အကူအညီရလိုရညား တယောက်ယောက်များ ရှိနေမလား လို့လျှောက်ကြည့်တော့လည်း မည်သူမှမရှိ ချမ်းသာတဲ့ရပ်ကွက်ဖြစ်တာကြောင့် လူခြေကအရမ်းကိုတိတ်ဆိတ်ပြီး သူအော်ပြီးအကူအညီတောင်းရင်တောင် မည်သူမှ ကြားမည်မထင်..
ပြေးထွက်လာတဲ့ Jungkook မှာလည်း ဖုန်းကိုနားနားကပ်လို့ ဖုန်းထဲက Taehyung ရဲ့အသံကိုနားထောင်နေပြီး ခြေလှမ်းတို့ကလည်းမြန်ဆန်စွာပြေးလို့လာနေသည်..
" ဟင့်အင်း ဟင့်အင်း မကြည့်ဘူး "
" ခဏပဲကြည့် ခဏပဲ မင်းကြည့်ပြီးရင် လွှတ်ပေးမယ် "
"ဟင့်အင်း မကြည့်ချင်ဘူးလို့ "
Taehyung ဟာ ကြောက်ကြောက်နဲ့ ထိုနှာဘူးကိုရှောင်ကာပြေးဖို့ကြိုးစားနေပေမယ့် နှာဘူးကလည်း အကျီကြီးကိုကိုင်ကာ Taehyung သွားမယ့်ဘက်တွေကို လိုက်ကာပြီး အတင်းကြည့်ခိုင်းလို့နေသည်..
" ခ ခဏပဲကြည့်မယ် ပြီးရင် ပြီးရင်လွှတ်ပေးမှာလား "
" အင်း မင်းကြည့်ရင်ရပြီ ငါလွှတ်ပေးမယ် "
Taehyung ဟာ ထိုနှာဘူးနဲ့ မလှမ်းမကမ်းမှာ မျက်လုံးလေးမှိတ်ကာ ရပ်လို့နေပြီး ထိုနှာဘူးဟာ Taehyung ရဲ့ရှေ့တည့်တည့်ကနေပြီး သူအကျီကိုကိုင်ကာ တိုင်ပင်ခေါ်လို့နေသည်..
1.2.3 လို့ခေါ်လို့အပြီးမှာ Taehyung ဟာ မျက်လုံးဖွင့်အကြည့် သို့သော် သူမျက်စိရှေ့ကကွယ်လိုက်တဲ့ လက်တဖက် ချက်ချင်းပဲ ခန္တာကိုယ်လေးကိုဆွဲလှည့်ကာ ကျောပြင်လေးကို ဖတ်လိုက်ပြီး ရင်ခွင်ထဲထည့်လို့ထားသည့် Jungkook. .ရင်ခွင်ထဲကနေမော့ကြည့်လာတဲ့ Taehyung ကို Jungkook ငုံ့ကြည့်ကာပြုံးလိုက်သည်..
" ခင်များသွားတော့ "
Jungkook ကိုလည်းမြင်ရော နှာဘူးဟာ တချိုးထဲပြေးထွက်သွားတော့သည်..နှာဘူးပြေးထွက်သွားတော့မှ jungkook ဟာ Taehyung ရဲ့ပခုံးလေးကိုကိုင်လို့ ခါးအနည်းငယ်ကုန်းကာ Taehyung နဲ့မျက်နှာခြင်းဆိုင်ကာကြည့်ပြီး
" အဆင်ပြေရဲ့လား Taehyung"
" ပြေ ပြေပါတယ် jungkook "
အဆင်ပြေပါတယ်ပြောနေပေမယ့် ဝမ်းနည်းရိပ်သမ်းနေတဲ့ Taehyung.. Jungkook ဟာ Taehyung ကို ကျောပေးကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ့ရဲ့ကျောပေါ်တက်စေသည်..