"ဘာအတွက် ကျွန်ုပ်ကကိုင်ရမှာလဲ"

ဦးရာမကရှေ့တစ်လှမ်းတိုးရင် အသင်္ခရာကနောက်တစ်လှမ်းဆုတ်သည်
မြေလျှာမြက်က သူ့ကိုမသေစေနိုင်ပေမဲ့
ထိခိုက်ဒဏ်ရာရအောင်တော့လုပ်နိုင်သေးသည်

ဝဏ္ဏ ခပ်ဝေးဝေးကနေ အသင်္ခရာတို့ကိုစောင့်ကြည့်နေတာ
ကြည့်နေရင်းနဲ့တဖြည်းဖြည်း မူမမှန်တာကိုဝဏ္ဏသိရှိသွားပြီး
အသင်္ခရာဆီအသည်းအသန်ပြေးသွားသည်

"ဦးလေး! ဒါဘာလုပ်တာလဲ"

"မောင်ဝဏ္ဏဖယ်! ဒီကောင်ကဦးသမီးကိုသတ်တဲ့တရားခံဟုတ်မဟုတ်
စမ်းသပ်မလို့ !"

"ရွှေသေတာ အသင်္ခရာနဲ့မဆိုင်ဘူး!!"

"မဆိုင်ဘူးဆိုရင်ဦးစစ်ဆေးတာကိုသေချာလက်ခံလိုက်လေ!"

ပြောပြောဆိုဆိုဖြင့် ဦးရာမကနှစ်ဦးသားအလယ်မှာရပ်နေသည့်
ဝဏ္ဏကိုကျော်ပြီးအသင်္ခရာဆီလာဖို့လုပ်သည်

"ရပ်လိုက်တော့ဦးရာမ ရွှေသေတာအသင်္ခရာနဲ့
နည်းနည်းမှမဆိုင်ဘူး ဒါကြောင့်ရူးကြောင်ကြောင်အလုပ်တွေနဲ့အသင်္ခရာကိုလာမရှုပ်နဲ့!"

ဝဏ္ဏဦးရာမအားအရှင်းဆုံးပြောပြီးတာနဲ့
အသင်္ခရာလက်ကိုဆွဲပြီး ခြေလှမ်းကျဲကြီးတွေဖြင့် ဦးရာမ ရှေ့ကထွက်လာခဲ့လိုက်သည်

ကျန်ခဲ့တဲ့ဦးရာမမှာတော့ သူသိချင်တဲ့အဖြေကိုသိလိုက်ရပြီဟု
မှတ်ချက်ချလိုက်သည်
သူ့သမီးသေတာအသင်္ခရာဆိုတဲ့ကောင်နဲ့ပက်သက်နေသည်
ဒါကိုသူ့သမီးချစ်လှပါရဲ့​ဆိုသောကောင်ကလည်းသိနေသည်
သို့သော် သူချစ်သူထိခိုက်မှာဆိုးလို့ကာကွယ်နေတယ်

"တောက်!  ငါ့သမီးသေသလိုမင်းတို့လည်းသေစေရမယ်!!"

____________

"ဝဏ္ဏဖြည်းဖြည်းလျှောက်!"

မိမိအားဆွဲကာခြေလှမ်းကျဲကြီးတွေလျှောက်နေတဲ့
ဝဏ္ဏကြောင့် အသင်္ခရာသတိပေးလိုက်ရသည်
ထိုအခါမှခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး
အသင်္ခရာကိုမျက်နှာချင်းဆိုင်ဖြစ်အောင်ဆွဲလှည့်လိုက်သည်

"ဦးရာမကို ကြောက်နေတယ်မလား"

"ဟင့်အင်း သူလက်ထဲကအရာကြောင့်ရှောင်ပြေးချင်ရုံဘဲ"

မြွေဖြူအရှင်《Complete 》Where stories live. Discover now