''မရဘူးသမီး သူကလွယ်လွယ်နဲ့ရတဲ့သူမျိုးမဟုတ်ဘူး ဖေဖေကြောင့်စိတ်မပူပါနဲ့ သမီးတို့က ပညာလဲတတ်ပါတယ် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရမယ်နော်သမီး"

''ဖေဖေရယ် ဒါဖေဖေငယ်ငယ်ထဲက ပြုစုပျိုးထောင်လာတဲ့ ကုမဏီလေ ဖေဖေရဲ့ ဖေဖေစိတ်မချမ်းသာဖြစ်နေတာသမီးတို့မကြည့်ရက်ဘူး ခုသမီးတို့မှာနေစရာအိမ်ကလွှဲရင် စားဖို့တောင်အနိုင်နိုင်ဖြစ်နေပြီ"

''ဒါပေမယ့်လဲ သမီးရယ် အဖေကြည့်လုပ်ပါမယ် အဲ့လိုကောင်ကို တောင်းပန်နေစရာမလိုဘူး"

''အဖေ သမီးကဖြစ်သလိုနေလို့ရပေမယ့် ‌ညီမလေးတွေကြဘယ်လိုနေကြမလဲ သူတို့အရမ်းငယ်သေးတယ်လေ"

''ဒေါက်. ဒေါက်.ဒေါက်"

''အဖေနားနေနော် နွယ်တံခါးသွားဖွင့်လိုက်မယ်"

''အေးသမီးလေး"

''ဟုတ်ကဲ့ ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင်"

''ဦးတည်တံ့အိမ်လားခဗျ"

''ဟုတ်ပါတယ်ရှင်"

''ဒီအိမ်ကို3ရက်အတွင်းဖယ်ပေးစေချင်ပါတယ် ဘဏ်ကသိမ်းဖို့လျောက်လွှာကျလာပါပြီခဗျ"

''ရှင်! ဘယ်လို အိမ်သိမ်းမယ် ဘာကြောင့်လဲ"

''ဦးတည်တံ့ကရှယ်ယာရှင်တွေကို ငွေပြန်လည်မပေးအပ်နိုင်တဲ့အတွက်အခုလိုဘဏ်ကသိမ်းရခြင်းပါ"

''‌ဟုတ်ကဲ့အခုလိုလာပြောပေးလို့ကျေးဇူးတင်ပါတယ်ရှင်"

''သမီးဘယ်သူတွေလဲ"

''ဖေဖေ နွယ်တို့ဘယ်လိုလုပ်ကြမလဲဟင့် အီးဟင့်"

''ဘာဖြစ်တာလဲသမီး ဘာလို့ငိုတာတုန်း အဖေ့ကိုပြော"

''သမီးတို့အိမ်သိမ်းခံရတော့မယ်တဲ့ဖေဖေရယ် နွယ်တို့ဘယ်လိုလုပ်ကြမလဲ နွယ်အပြင်ခဏသွားပါ‌ရစေ"

''အဖေသေချာစဉ်းစားပြီးလုပ်ပေးပါမယ်သမီးလေး သွားလိုက်နော် စိတ်ပြေ‌လက်ပျောက်ပေါ့"
နွယ်အပြင်ထွက်ချင်ရုံပင်မဟုတ် အကြံ‌ဖြင့် ဆက်အာဏာကိုသွားတောင်းပန်တော့မှာအသေအချာပင်ဖြစ်သည်။

''ဒီမှာရှင့် ***ကုမဏီဆီသွားချင်လို့ပါရှင်"

''ဟုတ်အမ 3500ဘဲပေးပါဗျ"

𝐀 𝐌𝐨𝐧𝐞 𝐂𝐡𝐨 𝐂𝐡𝐨 - အမုန်းချိုချိုМесто, где живут истории. Откройте их для себя