အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )

ابدأ من البداية
                                    

ယခုအချိန်တွင် သူ၏ နားများမှာ ရတနာများ ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းနားတို့ကို မထိခိုက်စေရန်အတွက် အပိုင်းထဲသို့ ဝင်ကာ နားကြပ်ကိုယူပြီး နားထဲသို့ သေချာစွာ ထည့်လိုက်သည်။ ထို့နောက် တာဝန်ထမ်းဆောင်ရန် အသင့် ဖြစ်နေပေပြီ။

နားကြပ်တပ်ထားသည်ကို မြင်လိုက်ရသောအခါ ရှန်ယောင် သည် ရှုချန်း၏ အကြားအာရုံ အစွမ်းထက်မှုကို စမ်းသပ်လိုသည့်အတွက် "ရှုချန်း... နင်က ဂေးပဲ..." ဟု တိုးတိုးကလေး ပြောလိုက်သည်။

ထို့နောက် ရှုချန်းထံမှ တစုံတရာ တုံ့ပြန်မှုရှိ မရှိ ရှန်ယောင် စောင့်ကြည့်နေသည်။ ရှုချန်းသည် ဘာမျှမပြောဘဲ တံခါးကိုဖွင့်၍ ထွက်သွားရာ ရှန်ယောင် က ချက်ချင်း အော်ဟစ်လိုက်ပြီး "သူ့နား အဲ့လောက်လည်းကောင်းတာ မဟုတ်ပါဘူး..."

သူမ၏ စကားအဆုံးတွင် ရှုချန်းသည် တံခါးပြန်ဖွင့်လိုက်ကာ "ရှန်ယောင် ငါ တာဝန်ချိန်ပြီးရင် ငါ့ရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုကို ပိုပြီးသိအောင် စုံစမ်းနိုင်တယ်... မြဲမြဲမှတ်ထားလိုက်..."

ရှုချန်း၏ စကားကြောင့် ရှန်ယောင် မျက်နှာနီရဲသွားသည်။

ဤသည်ကိုကြည့်ကာ ရှုချန်းသည် ကျေနပ်စွာဖြင့် တံခါးကိုပိတ်၍ ထွက်ခွာသွားတော့သည်။

ရှန်ယောင် တယောက် ကမ္ဘာပျက်လုမတတ် စိတ်လှုပ်ရှားသွားခဲ့သည်။

"ဒါ မဖြစ်နိုင်ဘူး ယန်ကျင်း... သူ့နားက အရမ်းပါးလွန်းတယ်... ငါတို့ဘာပြောပြော သူကြားနေရတယ်..."

ထိုစဉ် ယန်ကျင်းက စူးစမ်းလိုစိတ်ဖြင့် ရှန်ယောင် အား "နင် ဒီမှာနေလို့ရပါတယ်... ဒါပေမဲ့ ယောက်ျားတယောက်နဲ့ တအိမ်တည်းနေရဲတဲ့အထိ ဘာလို့ ဒီလောက်တောင် သတ္တိရှိလဲဆိုတာ ငါအံ့ဩမိတယ်... နင့်မှာ ပိုက်ဆံမရှိဘူးလို့ မပြောနဲ့... သေတောင် မယုံဘူး... ပြီးတော့ ရှုချန်းကို နင် ကြိုက်တယ်ဆိုတာလည်း ငါမယုံဘူး..."

"ဘာလို့လဲ... နင် သူ့ကို ကြိုက်နေလို့လား... ငါနဲ့ သူနဲ့ အတူရှိတာကို နင် သဝန်တိုနေတာလား..."

ရှန်ယောင် က ပြုံးကာ ပြောလိုက်သည်။

ယန်ကျင်းက လေသံအေးအေးလေးဖြင့် "မဟုတ်ဘူး... ငါ ရှန်ချန်းကို လာရတဲ့ အဓိက အကြောင်းအရင်းက ငါ့ရဲ့ အလုပ်ကို အာရုံစိုက်ဖို့ပဲ... ဒါ့ကြောင့် လက်ရှိမှာ ရည်းစားထားဖို့ အစီအစဉ်လည်း မရှိဘူး... နင်သာ ရှုချန်းကို မကြိုက်ရင် ငါ့ကို ဒီအကြောင်း မေးမှာ မဟုတ်ဘူး... ပြီးတော့ နင့်လိုမျိုး လှပပြီး ချမ်းသာတဲ့သူတယောက်က ဒီနေရာမှာ လာနေဖို့ အတင်းအကြပ် တောင်းဆိုနေတာကိုလည်း ငါ နားမလည်နိုင်ဘူး... နင့် အနေအထားအရဆိုရင် တကယ်ကို တိုက်ခန်းကောင်းကောင်း တခု ဝယ်နိုင်မှာပါ... ဒါမှမဟုတ် နင်လည်းပဲ ငါ့လိုမျိုး သူ့ကိုလေ့လာချင်လို့ ဒီမှာလာနေတာလား..."

နတ်နဂါးစစ်သည်حيث تعيش القصص. اكتشف الآن