🍁//Chapter-12//🍁

Start from the beginning
                                    

"ကျုပ်ပြန်လာရင်တော့...ကျုပ်ကိုအဖြေပေးမယ်မလား..ဟင်...အသေးကောင်လေးရဲ့.........''

နှုတ်ခမ်းလေးဆူ၍ ကပ်ချွဲကာပြောနေတဲ့ မြို့အုပ်မင်း ကြောင့်... အသေးကောင်လေးမှာ ခပ်သဲ့သဲ့လေး ရယ်ရင်း...ခေါင်းညိမ့်ပြလိုက်သည်.....

''ကျုပ်ကို ချစ်တယ်လို့သာ.... အသေးကောင်လေးက အဖြေပေးမယ်ဆိုရင်... ကျုပ်ကိုလေ..ချစ်တယ်ဆိုတဲ့စကားနဲ့အတူ...အသေးကောင်လေး ကိုယ်တိုင် ရေးဆွဲထားတဲ့...နေကြာပန်းလေးတစ်ပွင့်ကို လက်ဆောင်ပေးပါနော်....အဲ့ဒီ့ အသေးကောင်လေး ရေးဆွဲပေးတဲ့ ပုံလေးကို ကျုပ်တကယ် တောင့်တနေမိလို့....... "

"တကယ်လို့..ခင်ဗျားသဘောကျမဲ့...အဖြေမျိုးကို ပေးဖြစ်ခဲ့ရင်... ခင်ဗျားပြောသလို ကျွန်တော် လုပ်ပေးပါ့မယ်...ဒါပေမဲ့.. ဒါဟာ ချစ်တယ်လို့ အဖြေပေးမယ်လို့တော့ ဆိုလိုတာမဟုတ်ဘူး.... "

''ကျုပ်နားလည်ပါတယ် အသေးကောင်လေးရဲ့...ကဲ~ပြန်ကြရအောင်လေ... ကျုပ်မအားတော့လို့...."

မြို့အုပ်မင်း... စိတ်မချလို့ ပြောတာကို သိတဲ့ အသေးကောင်လေးဟာ ခပ်ပြုံးပြုံးနှင့်ပြောတော့....

''အို....အသေးကောင်လေးကိုတော့.. တစ်ယောက်ထဲ မထားခဲ့ရက်နိုင်ပါဘူး.... ကိုင်း..ပစ္စည်းတွေ ကို ကျုပ်က သိမ်းပေးမှာမလို့... ဈေးမဆစ်ပဲ..လိုက်ခဲ့လိုက်တော့..အသေးကောင်လေးရယ်...."

ပြောလဲပြောရင်း အသေးကောင်လေးရဲ့ ပစ္စည်းတွေကို ကောက်သိမ်းနေတဲ့ မြို့အုပ်မင်းဟာ အသေးကောင်လေးရဲ့ ပန်းချီကားလေးကို တအံ့တဩ ကြည့်လို့နေသည်............

"အသေးကောင်လေး.....ဒီချိုင့်ဝှမ်းနဲ့ နေကြာပန်းလေးတွေကတော့ဖြင့်... ဟုတ်ပါပြီ.. ဒီ ကျောက်တုံးပေါ်က... စီးကရက်ထိုင်သောက်နေတဲ့ လူတစ်ယောက်ရဲ့ ကျောပြင်က..ကျုပ်နဲ့များ နည်းနည်းလေး ဆင်သလားလို့...."

''တကယ်လဲ..ခင်ဗျားရဲ့ နောက်ကျောကို ဆွဲထားတာပဲလေ..ဘာလို့ရယ်မသိ...ဒီနေ့တော့... နေကြာပန်းတွေထက် ခင်ဗျားကိုပိုပြီး အာရုံလာနေတယ်... မြို့အုပ်မင်း.... "

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now