ထိုအတွေးမှာတော့..."ဒီအခန်းထဲကနေ ငါတို့သေးသေးလေးဖြစ်ပြီး ပျောက်ကွယ်သွားချင်မိတယ်"ဟူ၍သာဖြစ်‌ေလ၏။



မည်သို့ပင်ဆိုစေကာမူ ယခုဆိုလျှင်တော့ ဆောင်းဟွန်းအတွက် ဂျယ်ယွန်းကိုထားရစ်ခဲ့ရတော့မည့်ရက်ရောက်လာတော့လေသည်။



ဆောင်းဟွန်းသည် သူ့ရှေ့မှ မနက်စာကိုပျော်ရွှင်စွာသားသောက်နေသော ကောင်လေး၏ ချစ်စဖွယ် မျက်နှာလေးအား ကြည့်ကာ မြို့တော်ပြန်ရမည်ကို ပိုမိုတွန့်ဆုတ်လို့နေ‌သည်။


သူတို့နှစ်ဦးသား မနက်စာစားပြီးသည်နှင့် ဂျယ်ယွန်းအတွက် သီးသန့်မှာယူပေးထားသည့် ရိက္ခာများကို ပေးအပ်လိုက်ကာ နှုတ်ဆက်လိုက်သည်။



ဂျယ်ယွန်းမှာ ဆောင်းဟွန်း၏အတင်းအကြပ်တိုက်တွန်းမှုကြောင့် အားနာနေလျက် ထိုအရာများကို လက်ခံထားလိုက်ရပြီး သူ၏မျက်၀န်းလေးများမှာတော့ ဆောင်းဟွန်းကိုသာ တုံ့ဆိုင်းစွာကြည့်လို့နေသည်။


ဂျယ်ယွန်း၏ မျက်၀န်းလေးများထဲတွင် မခွဲခွာလိုဟန် တုံ့ဆိုင်းနေမှု တစွန်းတစအား မြင်လိုက်ရသဖြငိ့ ဆောင်းဟွန်းရင်ထဲ ချိုမြိန်သွားရသလို ခွဲရတော့မည်ဖြစ်သဖြင့် တပြိုင်နက်ထဲတွင်ပင် ခါးသီးသွားရသည်။




"ကိုယ့်နာမည်က မျိုးရိုး ပတ်ခ် နာမည်က ဆောင်းဟွန်းဆို‌တဲ့
ပတ်ခ်ဆောင်းဟွန်းပါ  မှတ်မိနေပေးမယ်မလား"



ဂျယ်ယွန်းက မိုးပေါ်မှ ခပ်‌ဖြည်းဖြည်းကျဆင်းလာတဲ့နှင်းပွင့်လေးများလို ခေါင်းလေး ညိတ်ပြလိုက်သည်။



"သခင်လေးပတ်ခ်ကို မှတ်မိနေမှာပါ ကျွန်တော့်နာမည်က ရှင်းမ်ဂျယ်ယွန်းပါ"


ဆောင်းဟွန်းက အံ့ဩဟန်မပြပေ။


ဒီကြားထဲဂျယ်ယွန်းအကြောင်းစုံစမ်းထားတာမို့ သူက ထိုနာမည်လေးကိုသိထားနှင့်တာကြာပြီဖြစ်သည်။



ရင်ထဲကနေ တိတ်တဆိတ်ခေါ်နေကြနာမည်လေးအား နောက်ဆုံးတွင်တော့ဆောင်းဟွန်းနှုတ်ဖျားမှ အသံထွက်ပြီးခေါ်လိုက်နိုင်ပြီဖြစ်သည်။



𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now