"မေမေ့ရဲ့ မပြောင်းလဲတဲ့ ဒီဆုံးဖြတ်ကို သားသား ကြီးလာတဲ့တစ်နေ့ကျရင် မေမေ့ကို သားသား ကောင်းကောင်းကြီးနားလည်ခွင့်လွှတ်နိုင်ဖို့ မေမေ ဆုတောင်းပါတယ် ...."

■■■■■■■■■■■■■■■■■■■■■■■■■■■

"အကိုလေး!!!"

ကိုသော်တစ်ယောက် သိုလ် အခန်းထဲဝင်သွားလေသည်.။
အကိုလေးက ဒီရက်ပိုင်းအတွင်း မမလေးအိမ်ထိ ချောင်းပေါက်မတတ်သွားပြီး မမကိုပြေလည်ရာပြေလည်ကြောင်းတွေပြောပြီး တောင်းပန်ပေမဲ့
မမလေးက ထင်ထားတာထက်ပိုပြီး အကိုလေးကိုခါးခါးသီးသီးဖြစ်နေခဲ့သည် ။
မမလေးဘက်က ကြည့်ရင်လဲ လုံးဝမှန်နေသလို
အကိုလေးဘက်ကကြည့်ရင်လဲ သူကိုယ်တိုင်တောင်မရည်ရွယ်ပဲ ဖြစ်သွားတဲ့ ကိစ္စတွေမို့ အကိုလေးလဲ မမှားပေ.။
အခုဆို မမလေးအပေါ်မှာ အကိုလေးဘဝက "မြင်သာမြင် မကြင်ရတဲ့ ဘဝ"မျိုးပင်.။
အနောက်ဝတ်စုံ အဖြူရောင်နဲ့ နက်ကတိုင် အဖြူရောင်လေးကို စည်းနေတဲ့ သိုလ် ။

"သားသား ကိုခေါ်ဖို့ တာဝန်ခံ သွားပြီလား ကိုသော်!!"

"ဟုတ်ကဲ့ အကိုလေး!!သားသားကို အကိုလေးကိုယ်တိုင် သွားမခေါ်ဘူးလား!!"

"မခေါ်တော့ပါဘူး....မမက သူ့အိမ်မလာခဲ့နဲ့တဲ့လေ!!အဟက်...ကျွန်တော်လဲ မမဆီမှာ မောင်းထုတ်ခံရတာ ဒါကဘယ်နှကြိမ်မြောက်မှန်းတောင် မရေတွက်နိုင်တော့ဘူးပဲ!!"

နှလုံးသားထဲက နာကျင်မိတဲ့ ဝေဒနာကို နှုတ်ခမ်းပေါ် အပြုံးတု တစ်ခုဖန်တီးရင်း သိုလ် တစ်ယောက် ဝေဒနာကိုဖုံးကွယ်ပစ်လိုက်သည်.။

"ကျွန်တော်တို့ companyတန်းသွားမှာလား အကိုလေး!!"

"အင်း!!အဲ့လိုလုပ်ကြတာပေါ့!!"

သိုလ်တစ်ယောက် နခ်ကတိုင်ကို သေချာညှိလိုက်ရင်း
အခန်းထဲက ထွက်လာလေတော့သည်..။

■■■■■■■■■■■■■■■■■■■■■■■■■■■

"မေမေက ဘာလို့မလိုက်တာလဲ!!"

သားသားအတွက် အင်္ကျီကြယ်သီးတပ်ပေးနေရင်း သားသားအမေးကြောင့် တန်ခူးပြုံးလိုက်မိသည်.။

"နောက်တစ်ခါကျရင် မေမေ လိုက်မယ်လေ!!"

"သားသားက မေမေနဲ့သွားချင်တာကို..."

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Where stories live. Discover now