■■■■■■■■■■■■■■■■■

"နိုင်းမာန်!!"

အိမ်ထဲပြန်ဝင်ဝင်လာချင်း ကြားလိုက်ရတဲ့ခေါ်သံကြောင့်နိုင်းမာန်ခြေလှမ်းတွေရပ်မိသွားသည်။

"ဘာလဲ!!"

"အဲ့မိန်းမနဲ့အဲ့လောက်ထိရင်းရင်းနှီးနှီးနေပေးဖို့လိုလို့လား!!"

"နင်ကဘာကိုပြောချင်တာလဲ!!"

"ငါပြောချင်လဲ နင်သိမှာပါ...ဆရာ တပည့်ဆိုတဲ့သာမန်ဆက်ဆံရေးထက်ပိုတဲ့ အခြေအနေတွေမဖြစ်ဖို့ပြောနေတာ!!"

"သာမန်ထက်ပိုတာ မပိုတာက ငါ့ကိစ္စပါ ...နင်နဲ့မှမဆိုင်တာ အေးဆေးနေ..."

"နိုင်းမာန်!!"

နိုင်းမာန်စကားကြောင့် မဟေ ဒေါသထွက်လာရသည် ။
မဟေ ပြောနေတာ ဘယ်သူ့အတွက်လဲ
ကိုယ့်မောင်မို့လို့  ဘယ်ခြေလှမ်း လှမ်းနေလဲဆိုတာ မဟေကောင်းကောင်းသိသည်။

"ကလေးတစ်ယောက်မအေနဲ့ နင်ပတ်သတ်ချင်နေတယ်လို့တော့ ငါ့ကိုလာမပြောနဲ့ နှိုင်းမာန်!!"

"ဘာလဲ!!ငါက ပတ်သတ်လို့မရဘူးလား!!"

"နင်!!နင်ပြောလေကဲလေပါလား နိုင်းမာန်!!လင်ကောင်မပေါ်ပဲ ကလေးမွေးထားတဲ့မိန်းမဆီမှာ နင်ကလှည်းကြိုးထမ်းချင်နေတာလား!"

"အမကို နင်အဲ့စကားမပြောနဲ့ မဟေ!!အမက ကလေးအမေဆိုပေမဲ့ နင်ထင်သလို မိန်းကလေးမဟုတ်ဘူး!!"

အိမ်မှာ မောင်နှမ၂ယောက်ထဲရှိနေတာမို့ နိုင်းမာန်နဲ့မဟေရဲ့ရန်ပွဲကပိုကြီးထွားလာခဲ့သည်...။

"အာ့ဆို ဘယ်လိုမျိုးလဲ!!သူ့မှာ ဆရာသမားဂုဏ်ကလွဲရင် ကျန်တာဘာများကောင်းတာရှိနေလို့လဲ!!အခုတောင် မေမေက အဲ့မိန်းမ အသင်ပြကောင်းတယ်ဆိုလို့သာ ငါနဲ့ဖေဖေကလက်ခံထားတာနော်...နင်သဘောပေါက်!!"

"နင် ငါနဲ့စကားအပိုတွေလာပြောမနေပဲ နင့်အကောင်နဲ့သာ လက်ထပ်နိုင်အောင်ကြိုးစားစမ်းပါ...!!"

"ငါနဲ့ကိုကိုကအချိန်မရွေးလက်ထပ်လို့ရတယ်...နင်သာ ကလေးအမေနဲ့မညားစေနဲ့!!"

မဟေ ထိုမျှသာပြောပြီး အပေါ်ထပ်ကိုတက်ချလာခဲ့သည်...။

■နိုင်းမာန်အဲ့မိန်းမကို ဘာတွေများကြည့်ကြိုက်နေတာလဲ...
မဖြစ်ပါဘူး...
ဒီကိစ္စ ဖေဖေ့ကိုပြောပြီး နိုင်းမာန်ကိုဆရာမပြောင်းပေးမှဖြစ်မယ်!!

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Where stories live. Discover now