"ဒီပုံစံအတိုင်းဆို ဒီနှစ် မင်း၁၀တန်းကျောင်းသားဘဝကနေကျွတ်ပါပြီ!!"

"ကျွန်တော် ဒီနှစ်တော့ ၁၀တန်းအကျခံပြီး အမမျက်နှာပျက်အောင်မလုပ်ပါဘူး!!အမကို ကျွန်တော့်ကြောင့်နမည်မပျက်စေချင်ဘူးလေ"

"အော်....."

တန်ခူး ထိုကောင်လေးကို အော်တစ်လုံးသာ ပြောနိုင်တော့သည်။
တန်ခူးသိသည်။
နိုင်းမာန်ပုံစံကတန်ခူးအပေါ်တစ်မျိုးဖြစ်နေတာက တန်ခူးစာလာစသင်တဲ့နေ့ထဲကပင်။
ကောင်လေးတွေရဲ့အပြုအမူကိုကြည့်တာနဲ့ သူတို့ကိုဘယ်ကောင်လေးစိတ်ဝင်စားနေလဲဆိုတာအလိုအလျောက်သိနိုင်ခြင်းက မိန်းကလေးတွေရဲ့ လျို့ဝှက်တဲ့ တတိယမြောက်မျက်လုံးပဲမဟုတ်လား။

"ကျွန်တော်တွက်တာအကုန်မှန်တယ်ဆိုတော့ အမ ကျွန်တော်မေးတာဖြေတော့...အချစ်ဆိုတာဘာလဲ အမ!!"

တန်ခူးကိုသေချာကြည့်ကာ စိတ်ဝင်တစားမေးနေတဲ့ နိုင်းမာန်ကိုကြည့်ပြီး တန်ခူးလဲ ကိုယ့်ဘာသာမေးခွန်းပြန်မေးနေမိသည်။

■အချစ်ဆိုတာဘာလဲ!!
ဟုတ်တယ် တန်ခူးအတွက်အချစ်ဆိုတာ ဘာလဲ တန်ခူးမသိပါဘူးလို့ပြောလိုက်ရင် လူတွေယုံပါ့မလား...။
အချစ်ဆိုတာဘာလဲ ဘယ်လိုအရာလဲဆိုတာတန်ခူးမသိလိုက် မတွေ့ထိလိုက်ရခင်မှာပဲ ရေစက်လေးက တန်ခူးဘဝထဲကိုရောက်လာခဲ့တာလေ...။

"အမလဲ မသိဘူး!!"

"ဟာ...အမကဘာလို့မသိတာလဲ!!"

"အမကအချစ်မှမကြုံဖူးတာဘယ်သိမလဲ!!ထားတော့!!! အခုမင်းမေးတာအမဖြေပြီးသွားပြီဆိုတော့ Englishစာဆက်သွားမယ်!!"

နိုင်းမာန် အမစကားကြောင့်အီလည်လည်နင်တင်တင်ဖြစ်သွားရသည် ။
အမက အခုသူ့မေးခွန်းကိုလှည့်ပတ်ကာဖြေသွားခြင်းမဟုတ်လား....။
သူအမကိုစတွေ့တော့ ကိတ်မုန့်ဆိုင်တစ်ခုမှာ။
အမကကိတ်မုန့်လာမှာတာနဲ့သူ လဲသူ့သူငယ်ချင်းညီမလေးမွေးနေ့အတွက်ကိတ်လာမှာရင်း တွေ့မိခြင်းပင်...။
အဲ့တုန်းကအမက မြန်မာဆန်ဆန်ဆံပင်အရှည်ကြီးနဲ့ ကျက်သရေရှိတဲ့မမကို သူသဘောကျမိသွားခြင်းသာ။
ကျောင်းတွေပြန်ဖွင့်လို့ သူကအပြင်ဖြေဖြေရတော့ သူ့ကိုစာလာသင်တဲ့guideက အမဖြစ်လေရဲ့...။

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Where stories live. Discover now