ဘာဒါနိုးတော့ ဘယ်ရောက်နေလဲလို့ တွေးလိုက်ရသေးတယ်. ဒီအခန်းထဲအိပ်နေကျမဟုတ်လို့ အသိရှိအောင် မနည်းစောင့်လိုက်ရတယ်. အခန်းအပြင်ထွက်ကြည့်လိုက်တော့ ကော်ဖီနံ့လေးရတယ်. ပြုံးပြီး Kitchenကို လျှောက်သွားလိုက်တယ်. အမေ့ကျေးဇူးနဲ့ မနက်စောစောကော်ဖီဖျော်ထားပေမယ့်သူရှိနေပြီ ငါကွပေါ့. kitchenရောက်တော့ ဘယ်လိုရှာရှာ ရှာမတွေ့သော ကော်ဖီရယ်ပါ.အခန်းတံခါးသွားခေါက်တော့ တုံ့ပြန်မှုမရှိ.ဖိနပ်သွားကြည့်တော့ ဖိနပ်မရှိဘူး.အဲတော့မှ အပြင်သွားမှန်းသိရတယ်.ကော်ဖီကတော့ တစ်ယောက်ယောက်သောက်သွားလို့ ကျန်ခဲ့တဲ့အနံ့လေးပေါ့. အေးပါကွာ..။
ဒီနေ့ H Entertainmentကို သွားရမယ်.Kpop girl groupတစ်ဖွဲ့ debut songအတွက် GZ အကြိုက် ဘာဒါကို ကမ်းလှမ်းထားတာမို့ ရေမြန်မြန်ချိုး ဝတ်နေကျအတိုင်း outfitပွပွတွေဝတ် ဦးထုပ်ဆောင်းပြီး ထွက်ခဲ့လိုက်တယ်.

Kpop girl groupတစ်ဖွဲ့ debut songအတွက် GZ အကြိုက် ဘာဒါကို ကမ်းလှမ်းထားတာမို့ ရေမြန်မြန်ချိုး ဝတ်နေကျအတိုင်း outfitပွပွတွေဝတ် ဦးထုပ်ဆောင်းပြီး ထွက်ခဲ့လိုက်တယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Zawgyi

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Zawgyi

ဘာဒါ Studioက ပြန်လာတော့ ည၁နာရီလောက်ရှိပြီ.
နောက်ဆုံးclassက နောက်ကျမှ ပြီးတာရယ်
ကလေးတွေကို မုန့်လိုက်ကျွေးတာရယ်နဲ့ ၁နာရီမှ ပြန်ဖြစ်တယ်.
ပုံမှန်ဆို ၁၂နာရီ ၁နာရီလောက်မှ အိမ်ပြန်ဖြစ်တဲ့ရက်တွေများတယ်. စောစောပြန်ဖြစ်ရင် ကကွက်တွေစဉ်းစားရ conceptအတွက် နေရာချကြည့်ရ ပြန်ပြင်ရနဲ့ ညနက်မှအိပ်ဖြစ်တာများတယ်။
အိမ်ရောက်တော့ ဆိုယွန်းအိပ်နေပီထင်လို့ ခြေသံမကြားရအောင် ဖွဖွနင်းပြီး တံခါးဖွင့်လိုက်တော့ အခန်းထဲမှာ ဘယ်သူမှမရှိ။
ဟင် ဒီကလေးမ ဒီအချိန်ကြီးဘယ်သွား??
ဖိနပ်ကြည့်တော့လည်း ဖိနပ်ရှိတယ်. အဲတော့မှ ဟိုဘက်အခန်းတံခါးဘုကို လှည့်ကြည့်တော့ အထဲက ပိတ်ထားတယ်. သြော် တစ်ယောက်တစ်ခန်းနေချင်တာပေါ့ သူက. okလေ. မနက်က အလုပ်ခန်းအနေနဲ့သုံးလို့ရလို့ သုံးလို့ပြောခဲ့တာကို သူကအခန်းခွဲအိပ်လိုက်တယ်ပေါ့။ ဘာဒါထင်တာက ဘာနေနေ အိပ်ခန်းကတော့ တစ်ခန်းထဲသုံးရမယ်။ အလုပ်ခန်းတစ်ယောက်တစ်ခန်းယူမယ်ဆိုပြီး ပြောလိုက်တာ။ အခန်းခွဲအိပ်မယ်လို့လည်း မတွေးမိတာကြောင့် နည်းနည်းတော့အံ့သြမိပေမယ့် အဆင်ပြေပါတယ်။ အေးအေးဆေးဆေးနေတတ်တဲ့လူဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အနှောင့်အယှက်မဖြစ်ရင် ပိုကောင်းတာပေါ့။
ရေချိုးပြီး အိပ်ယာအကျယ်ကြီးပေါ် ပစ်လှဲချလိုက်တယ်. ဆိုဖာမှာအိပ်နေကျမို့ အိပ်ယာက တော်တော်သက်တောင့်သက်သာရှိတာပဲလို့တွေးရင်း အိပ်ပျော်သွားတယ်..

ဆိုယွန်းမနက်နိုးတော့ ဘာဒါက မနိုးသေးဘူးထင်တယ်. ဆိုယွန်းက freelanceဆိုပေမယ့် တခါတလေ Meetingတွေသွားတက်ပေးရတာမျိုးရှိတယ်.ဒီနေ့Meetingရှိလို့ စောစောထ ကော်ဖီဖျော် ပေါင်မုန့်မီးကင်လေးစားပြီး Meetingသွားလိုက်တယ်။
ဘာဒါအခန်းဘက်ကိုကြည့်ပြီး breakfastတခုခုစီစဉ်ပေးခဲ့ရင်ကောင်းမလားတွေးမိပေမယ့် မီယွန်းနဲ့တိုင်ပင်ထားတဲ့အတိုင်း သူချေကိုယ်ချေလုပ်ရမှာဆိုပြီး ဒီတိုင်းပဲ ထွက်ခဲ့လိုက်တယ်။ မျက်နှာလေးတောင် မမြင်ခဲ့ရလို့ နှမြောမိပေမယ့်ပေါ့😅။ (ဆိုယွန်းထင်တာ မနက်တိုင်း ဘာဒါမျက်နှာလေးကြည့်ပြီးနိုးထရတော့မှာပဲဆိုပြီး စိတ်ကူးယဉ်ထားတာလေ😂)








ချစ်မိသော ပင်လယ် Where stories live. Discover now