ဆိုယွန်းအဝတ်အစားလဲပီး စားသောက်ကြတော့ မီယွန်းကပြောတယ်
'' နင့်လူကြီး အလုပ်ခန်းကမိုက်လိုက်တာ''
''ဟုတ်လား ငါတောင်ဝင်မကြည့်ရသေးဘူး''
''ပြီးတော့ သူလည်း အဲ့အခန်းမှာပဲအိပ်တယ်ထင်တယ် ဆိုဖာအရှည်ကြီးပေါ်မှာ စောင်တွေ့ခဲ့တယ်''
''စုံထောက်မ''
''ဟားဟား အေးပါ အေးပါ ပြောထားပါ''မီယွန်းနဲ့ထွေရာလေးပါးတွေပြော ဘာဒါကို သူကစချေတာမို့လို့ ကိုယ်ကဘယ်လိုချေရမလဲတွေစဥ်းစားပြီးပြောကြရယ်ကြနဲ့ ၉နာရီလောက်ကျတော့ မီယွန်းပြန်သွားတယ်။
ဆိုယွန်းလည်းအခန်းထဲဝင် Kdramaလေးကြည့်ရင်း အိပ်ပျော်သွားတာ ဘာဒါဘယ်အချိန်ပြန်လာလဲတောင်မသိလိုက်ဘူး။
ဆိုယွန်းအခန်း(ခေါင်းရင်းမှာ ပင်လယ်ပုံချိတ်ထားတာနော် လင်ထိပ်ထားစံလေးက🙂)
Zawgyi
ဘာဒါအလုပ်သွားတော့ ဆိုယွန်းတစ်ယောက်ထဲ အလုပ်သမားတွေနဲ့ကျန်ခဲ့တယ်။
မင်း ဒီအခန်းကိုသုံးဆိုတဲ့ အခန်းလေးကို ချောင်းကြည့်မိတော့ အနေတော်လောက်ကျယ်တဲ့ အဖြူရောင်အခန်းလွတ်လေးကိုတွေ့ရတယ်။ ဒီအခန်းမှာနေလို့ပြောချင်တာလား။ အခန်းခွဲနေကြမယ်လို့ပြောတာပဲမလား ထပ်မေးရရင်ကောင်းမလား။ ရှက်စရာကောင်းနေမလား။ လားပေါင်းများစွာနဲ့ငြိမ်နေတော့ ပစ္စည်းရွှေ့မယ့်သူတွေလည်း ဆိုယွန်းကိုထိုင်စောင့်နေရ။ နောက်ဆုံးတော့ ပြောသလိုပဲလုပ်လိုက်တော့မယ်ဆိုပီး အခန်းလွတ်လေးထဲ ပစ္စည်းတွေထည့် နေရာတကျစီ ။ဟိုဘက်တိုက်ခန်းကပါလာတာလေးတွေ နံရံမှာပြန်ကပ်နဲ့ ညနေစောင်းလောက်ကျ အခန်းလေးက ချစ်စရာလေးဖြစ်သွားတယ်။
အားလုံးပြီးသွားတော့ ဆိုယွန်းလည်း မီယွန်းကိုဖုန်းဆက်လိုက်တယ်.
''မီယွန်း ရုံးဆင်းပြီလား''
''ဆင်းတော့မှာ နင် ငါ့ကိုခဏစောင့်နော် တစ်ယောက်ထဲအကုန်လုပ်မနေနဲ့''
"အင်းပါ ငါစောင့်နေမယ် ''
မီယွန်းက အိမ်ကူပြောင်းပေးမယ်ပြောထားပေမယ့် ရုံးကရုတ်တရက်ခွင့်မရတော့လို့ စောစောမလာပေးနိုင်ဘူးဖြစ်သွားတာ။ ဆိုယွန်းတစ်ယောက်ထဲ အကုန်လုပ်ပြီးသွားပြီဆိုတော့ ရေချိုးပီး မီယွန်းကိုစောင့်နေမယ်လို့စိတ်ကူးပီး ရေချိုးခန်းထဲဝင်လိုက်တယ်။ရေချိုးပြီး အခန်းထဲက ထွက်လာတော့ ဘဲလ်တီးသံကြားတယ်။ ကြည့်လိုက်တော့ မီယွန်းဖြစ်နေတာနဲ့ တံခါးသွားဖွင့်ပေးလိုက်တယ်။ မီယွန်းက ရေချိုးပြီးစ တဘက်ရင်လျားထားတဲ့ ဆိုယွန်းကိုမြင်မြင်ချင်း ပြုံးစိစိလုပ်တယ်။
''ဘာလဲ ဘာရယ်တာလဲ''
''ငါ့နေရာမှာ ဘာဒါဆို ရင်ခုန်သွားမလားမသိဘူးနော် ဆိုယွန်း''
ဆိုယွန်းအော်ရယ်လိုက်ရင်း
''သူဆိုရင် ဘဲလ်လည်းတီးမနေဘူး ငါလည်းလာဖွင့်ပေးစရာမလိုဘူးနော် အဲလိုဖြစ်စရာအကြောင်းကိုမရှိတာ''
''အမယ် ဒါပေမယ့် နင်တို့ ဒီည အတူတူအိပ်ရတော့မှာလေ😁😁''
''အိပ်တော့အိပ်မနေဘူး''
''ဟင် ဘာလို့လဲ သပ်သပ်အိပ်ကြမယ်ပြောလို့လား''
''မသိဘူး ငါ့ကို ဒီအခန်းသုံးဆိုပီး ထွက်သွားတာပဲ အဲဒါကြောင့် ငါလည်း ဒီအခန်းမှာပဲနေရာချလိုက်တယ်''
''ဟယ် မေးလေ ဆိုယွန်းရယ်
နင့်ပါးစပ်က ငါနဲ့အတင်းပြောဖို့ပဲထားထားတာလား မရှင်းရင်မေးလိုက်ပါလားလို့''
''မသိဘူး မမေးချင်ဘူး ရှက်စရာကောင်းတယ်''
''ဘယ်မှာအိပ်ရမလဲမေးတာဘာရှက်စရာပါလို့လဲ နင်က ဘာတွေတွေးနေလို့လဲ ဟိဟိ''
''မီယွန်းနော် ဘာမှမတွေးဘူး
သူက ခွဲနေချင်တာကို ငါက အတင်းနေချင်သလိုဖြစ်မှာစိုးလို့ မမေးချင်တာ''
''အင်းပါ အင်းပါ နင်ဘယ်လိုမှမခံစားရဘူးလား''
''နည်းနည်းပေါ့ ဒါပေမယ့် ရပါတယ် တစ်အိမ်ထဲနေရပြီပဲ မဟုတ်ဘူးလား😁😁''
''ကျေနပ်နေတယ်ပေါ့😂😂
လာ ငါစားစရာတွေဝယ်လာတယ် အတူတူစားရအောင် နင့်လူကြီးက ဘယ်တော့ပြန်လာမှာတဲ့လဲ''
''နောက်ကျမယ်တဲ့''
''နင်အဝတ်အစားလဲတုန်း ငါ အိမ်ထဲနည်းနည်းလိုက်ကြည့်လိုက်မယ် ရတယ်မလား''
''ရမှာပါ ''ဆိုယွန်းအဝတ်အစားလဲပီး စားသောက်ကြတော့ မီယွန်းကပြောတယ်
''စုံထောက်မ''
YOU ARE READING
ချစ်မိသော ပင်လယ်
Fanfiction🔞🔞 Unicode မိဘပေးစားလို့ လက်ထပ်ရသောသူက ကိုယ်တဖက်သတ်ချစ်ရသူဖြစ်နေသောအခါ.. အချစ်က ဒီလောက်ပဲဆန်းကြယ်ရသတဲ့လား ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်ကိုချစ်မိသွားတဲ့အတွက် ပိုင်ဆိုင်ရတဲ့ဝမ်းနည်းနာကျင်ရမှုတွေ. #ဆိုယွန်း လွတ်လွတ်လပ်လပ်နေချင်တယ် ဘဝကို ပေါ့ပေါ့ပါးပါးဖ...