ဖြူစင်သော အချစ် Part_9 ( Uni/Zaw )

94 3 0
                                    

Part_9 ( Unicode )

မနက်ခင်းနေရောင်ကြောင့် နောင်ရိုးငယ် နိုးလာသည်။
ထို့နောက် မျက်စိထဲ၌ ပထမဆုံးမြင်လိုက်ရသော မြင်ကွင်းအား ကြည့်၍ အံသြနေမိသည်။ ကုတင်ဘေးမှန်တင်ခုံပေါ်၌ စာရွက်လေးတစ်ရွက်အားတွေ့လိုက်ရ၍ ကောက်ဖတ်လိုက်ရာ

' ကလေးလေး ညက မင်းအိပ်ပျော်သွားလို့ ကိုယ့်အခန်းထဲပဲ ခေါ်လာလိုက်တာ နိုးလာရင် ကိုယ်လက်သန့်စင်ပြီး မနက်စာ စားထား ပြီးရင် အဝတ်စား လဲထား ကိုယ် ကျောင်းလိုက်အပ်ပေးမလို့ Private school မို့ ကျောင်းက ၁ လကြိုတက်ရမှာလေ ကိုယ့်ကိုစောင့်နေနော် '

" ကျောင်းကတက်ရတော့မှာ ဟူး...." ထို့နောက် နောက်ရိုးငယ် လုပ်စရာရှိသည်များ လုပ်နေသည်။

မနက်စာစားပြီးသည်နှင့် အိမ်ရှေ့ ဒန်းပေါ်၌ ဘုန်းမာန်ရှိန်အား စောင့်နေသည်။ထို့နောက် ခြံထဲသို့ ကားအနက် လေး တစ်စီးဝင်လာသည်ကို တွေ့လိုက်ရသည်။ ဘုန်းမာန်ရှိန် ကားမှန်းလည်း နောင်ရိုးငယ်တန်းသိလိုက်သည်။

ထို့နောက် ကားပေါ်မှ ဘုန်းမာန်ရှိန်ဆင်းလာပြီး"လာ...ကလေးလေး ပြီးရင် သွားရအောင်"ဟုဆို၍ ကားတံခါး အားဖွင့်ပေးထားသည်။

"ဟုတ်ကဲ့"

ကားပေါ်၌

"ရော့ ဒါက ကိုယ် မင်းကို ညီအဖြစ် မွေးစားတဲ့စာချုပ် မင်းကို ကိုယ်က အစ်ကို တစ်ယောက်အနေနဲ့ ကျောင်းအပ်ပေးမှာ ဘယ်လိုလဲ အဆင်ပြေရဲ့လား"

"ဗျာ...အော် ဟုတ်ကဲ့ အကို အဆင်ပြေသလို လုပ်ပါဗျ"ထို့နောက် နောင်ရိုးငယ်၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။

' အော် ကြီး"မြပြောတာ အကိုက ငယ်"လေးကတည်းက သူ့ညီနဲ့ ခွဲနေရတော့ သူက ညီလေးတစ်ယောက်လို ချင်နေတာထင်တယ်။ အာ့ကြောင့် ငါ့ကို သူ့ညီလေး တစ်ယောက်အဖြစ်မွေးစားတဲ့ သဘောပေါ့ ' ကောင်လေး ကြောင်"အ"ဖြစ်နေသည်မို့ ဘုန်းမာန်ရှိန်မှ

" ကလေးလေး ဘာတွေတွေးနေတာတုန်း"

"ဘာမှ မတွေးပါဘူးဗျ"

ကျောင်းသို့ရောက်သော်

နောင်ရိုးငယ် ကြီးမားပြီး လှပသော အဆောက်အအုံကြီးကို မြင်၍

ဖြူစင်သော အချစ်Where stories live. Discover now