Part_7 ( Unicode )
ဘုန်းမာန်ရှိန် ထမင်းစားခန်းထဲ သို့ ဝင်လာသည်ကို နောင်ရိုးငယ် တစ်ယောက် မြင်လိုက်သည်နှင့်
" ရောက်လာပြီလားဗျ"
"ရောက်လာပါပြီဗျ ပြောပါဦး ကိုယ့်အတွက် ဘာတွေ ချက်ပေးထားလဲ"
"ကျွန်တော်တော့ သိပ်တော့ မလုပ်တတ်ဘူး ပသျှူး ထမင်းကြော်ကို ကြက်ဥလေးနဲ့ ပြီးတော့ malt milk လေးပါ ဖျော်ပေးထားတယ်"
"Malt milk ကတော့ မင်း သောက်လိုက် ကိုယ့်ကို coffe ဖျော်ပေး သကြားမထည့်နဲ့နော်"
"ဟင် ညဘက်ကြီး အိပ်ခါနီးကို"
" ကိုယ်မအိပ်သေးဘူး လုပ်လက်စ အလုပ်လေးတွေ ကျန်သေးတယ် "
"အော်" ဟုသာ အကြောင်းပြန်ပြီး ခဏအကြာ၌ ဘုန်းမာန်ရှိန်ထံမှ
"ဒါနဲ့ မင်းအပေါ်ထပ်က ကိုယ့်အခန်းဘေးမှာ လာနေ "
ထို့နောက် နောင်ရိုးငယ်၏ အံ့သြသွားသော မျက်နှာကို မြင်၍"တစ်မျိုးတော့မထင်ပါနဲ့ ဗျာ ကိုယ် တစ်ခု"လိုရင် အဆင်သင့် ခေါ်ရအောင်ပါဗျာ " ထိုအခါမှာသာ နောင်ရိုးငယ် စိတ်သက်သာရတော့သည်။ ထို့နောက် ဘုန်းမာန်ရှိန်မှ ဆက်၍
"ပြီးတော့ မင်းဘာတွေလိုသေးလဲ အဝတ်အစား နဲ့ အသုံးအဆောင်တွေကတော့ ဟိုကောင် အောင်ခန့်စီစဥ်ပေးပြီးပြီမလား ဖုန်းရော ရှိလား "
"မရှိပါဘူးဗျ"
"အာ့ဆို ကိုယ်နဲ့ မနက်လိုက်ခဲ့ ကျောင်းရော ဆက်နေဦးမှာလား ဒီနှစ် မင်း ဆယ်တန်းတက်ရမှာမလား"
"ကျောင်းမတက်တော့ဘူးလေ ကျောင်းတက်ရင် ကျတော် ကိုဘုန်းမာန်ရှိန်အလုပ်တွေကို ဘယ်လို လုပ်နိုင်မှာလဲ ပြီးတော့ ကျတော့်မှာ လည်း ပိုက်ဆံမရှိဘူးလေ"
" ကိုယ်ထားပေးမယ် အောင်ခန့်ပြောတာ မင်းက စာတော်တယ်ဆို ဘာမှ မပူနဲ့ စာသာကြိုးစား အာ့ဒါဆို လုံလောက်ပြီ ကြားလား ကိုယ်ပြောတာ"
"ဟုတ် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ"
"ကျေးဇူးမတင်နဲ့ ကိုယ့်အတွက် ကိုယ်လုပ်နေတာ" ထိုသို့သာပြောပြီး အပေါ်ထပ်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျင်မြန်စွာ တက်သွားသည်။နောင်ရိုးငယ်မှာတော့ နားမလည်စွာ ဖြင့်သာ ကျန်ခဲ့သည်။
BẠN ĐANG ĐỌC
ဖြူစင်သော အချစ်
Tiểu Thuyết ChungNyan ရဲ့ ပထမဦးဆုံး Fic လေးတစ်ပုဒ်ပါ အမှားတွေ အများကြီးပါနိုင်တာမို့ သည်းခံဖတ်ဖို့ ပြောချင်ပါတယ်