"သူကလူသားတစ်ယောက်ဆိုတာမှန်တယ် ဒါပေမဲ့အရှင့်ချစ်ရသူဆိုလည်းဟုတ်တယ်လေ
အဲ့တာကြောင့်ဂူထဲမှာပေးနေလိုက်ပါ အရှင်ကလည်းသူ့အနားရှိနေစေချင်ဘဲ"

သိင်္ခကဆက်မငြင်းတော့ဘဲ
စောင့်အောင့်ကာဂူအပြင်ထွက်သွားတော့သည်

လင်္ကာကတော့
"အသင် အရှင်အနားမှာရှိနေပေးပါဦး
ကျွန်ုပ်တို့ဂူအပြင်မှာစောင့်နေမှာမို့တစ်ခုခုလိုရင်ခေါ်လိုက်ပါ " ဟုပြောပြီးသိင်္ခနောက်လိုက်သွားလေရဲ့......

အာလုံးထွက်သွားပြီဆိုတော့မှ
ဝဏ္ဏကျောက်ဖြာကြီးရဲ့နေရာလွတ်မှာဝင်ထိုင်သည်
ထိုအခါ မြွေကြီးကလှုပ်ရှားလာပြီး
သူ့ပေါင်ပေါ်ခေါင်းလာတင်တယ်

"အသင်္ခရာ....ကျွန်ုပ်အနားမှာရှိနေတာမို့ကောင်းကောင်းအနားယူနေပါ...."

_______________
ဗညားနဲ့သူရိယအပါအဝင်
ဘုရားဂူရွာသားတွေကတော့ လူရှာတဲ့အလုပ်ကြောင့်နားရတယ်မရှိတော့...

"သူကြီးတို့အဖွဲ့ ကျွန်တော့်သူငယ်ချင်းဝဏ္ဏနဲ့အိရွှေဇင်ကိုတွေ့ပြီးလား "

"မတွေ့ဘူး တောထဲသွားရှာတဲ့အဖွဲ့တော့ ဘယ်လို့လာမယ်မသိသေးဘူး..."

ဗညားနဲ့သူရိယမှာသူငယ်ချင်းဖြစ်သူအစားရင်မောလှပြီ
ဆိုးဆိုးဝါးဝါး တစ်ခုမှမဖြစ်ဖို့ဘဲဆုတောင်းရတော့မှာပေါ့

"သူကြီး !!သူကြီး!!!"

အလောတကြီးပြေးလာတဲ့၁၆နှစ်အရွယ်ကလေးနှစ်ဦးကို
သူကြီးကခပ်မာမာဟောက်လိုက်တယ်

"သံလုံး သံပြား ကောင်းကောင်းမွန်မွန်မလာဘဲ ဘာတွေလောနေတာလဲ"

"ဟို!..ဟို.."

"တစ်ဟိုဟိုနဲ့ စကားသေချာပြောစမ်း!"

"တောထဲကကျုပ်တို့အဖွဲ့ ပျောက်နေတဲ့မိန်းကလေးရဲ့အလောင်းကိုတွေ့ခဲ့တယ်ဗျ
ယောက်ျားလေးအလောင်းတော့မပါဘူး"

"ဘယ်လို သေချာရဲ့လား "

"သေချာပါတယ်ဗျာ လူကြီးတွေကအလောင်းနားစောင့်ကျန်ခဲ့ပြီး
ကျုပ်တို့ကသူကြီးကိုလာခေါ်တာ..."

"ဒါ...ဒါဆိုမြန်မြန်သွားမှပေါ့ကွ"
ထို့နောက်များပြားလှတဲ့လူအုပ်ကြီးကအိရွှေဇင်အလောင်းရှိရာသို့
သွားရတော့သည်

မြွေဖြူအရှင်《Complete 》Where stories live. Discover now