ပါးပါးကားထွက်သွားတာနဲ့ အသက်လဲအပေါ်တက်ကျောင်းဝတ်စုံလဲကာဆင်းလာတော့တယ်။ အသက်ကျောင်းဝတ်စုံက တစ်ကျောင်းလုံးနဲ့မတူပါ ကျောင်းရဲ့သက်မှက်ချက်က မိန်းကလေးဆို စကပ်အတို ယောကျာ်းလေးဆိုဘောင်းဘီအရှည်ဖြစ်ပင်မဲ့ အသက္ကေတာ့မတူ တစ်ကျောင်းလုံးမှာအသက်တစ်ယောက်ထဲသာဘောင်းဘီအတိုဝတ်ကာ အသက်တွက်သီးသန့်ဝတ်ဆုံဖြစ်တယ်။

အသက်အိတ်ကိုလွယ်ကာအပေါ်ကဆင်းလာတော့ တမနက်လုံးဘယ်ရောက်နေလဲမသိတဲ့လူက အပေါက်ဝမှာရပ်နေလေရဲ့။ အသက်လဲမသိချင်ယောင်ဆောင်ကာနေလိုက်ပြီး ကားပေါ်ကိုခက်တည်တည်နဲ့တက်လိုက်ပြီးဝင်ထိုင်လိုက်တယ်။

ထိုအခါအဲ့လူကပါ ကားပေါ်တက်လာပြီး အသက်ကိုကြည့်ပြီးမေးလေသည်။

"ဘယ်ပို့ပေးရမလဲ...ဗ်"

"ငါဘာဝတ်ထားလဲမတွေ့ဘူးလား ကျောင်းကိုမပို့လို့ဘယ်ကိုပို့ချင်တာလဲ"

အသက်မျက်စောင်းထိုးလိုက်ကာ တစ်ဖက်လှည့်လိုက်တော့တယ်။ ကမ်ဘာလဲမနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်ကာ ခေါင်းခါလိုက်တော့တယ်။

သူ့ဘက်ကအဆင်ပြေအောင်ပြောတော့လဲ ဘုကန့်လန့်တွေကြီးပြန်အပြောခံနေရတယ်။ တဂယ်ညကသူမဟုက်တဲ့အတိုင်းပဲ။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

တိတ်ဆိပ်နေတဲ့ကားပေါ်မှာ အသက်ရဲ့မေးသံက ပီပီသသထွက်ပေါ်လာကာ ကမ်ဘာဘားမှမဖြေလိုက်ပဲကျောင်းကိုရောက်အောင်မောင်းလာတော့တယ်။

"မင်းကိုမေးနေတယ်လေ နားလေးနေလား"

ကျွီ.............

"မင်းကမ်ဘာ...."

"ဘာ....."

"နာမည်က မင်းကမ်ဘာ.."

"ဟွန့်နာမည်ကြီးကလဲ တင်စီးလိုက်တာ ဘယ်လိုခေါ်ရမှန်းမသိဘူး"

ချက်ချင်းဆိုသလို အသက္ဘက္တိုးလာကာ အသက်မျက်နှာကိုအုပ်မိုးလာသလိုမျိုးဖြစ်ကာ အသက်မှာဖြင့်လန့်တောင်သွားတာပဲ ပြီးမှသူကတံခါးလော့ဖွင့်ပေးတာဖြစ်တယ်။

"ခေါ်လို့အဆင်မပြေရင် ကျွန်တော်နာမည်ပြောင်းပေးရမလားအကိုလေး"

 bodyguard and baby bossWhere stories live. Discover now