"အ...သင်္ခရာ..."

"အင်း ကျွန်ုပ်ရှိတယ် မကြောက်နဲ့ ကျွန်ုပ်အသင့်ကိုကယ်မယ်"
အသင်္ခရာသူ့စွမ်းအားဖြင့် ဝဏ္ဏအားကုသဖို့ကြိုးစားသည်
သို့သော်အရာမထင်ပေ

ဝဏ္ဏဟာတဖြည်းဖြည်း ဖြူဖျော့လာတော့သည်
တစ်ခါမှမငိုကြွေးဖူးသည့် အသင်္ခရာ
အခုတော့ဝမ်းနည်းပက်လက်ငိုကြွေးတော့သည်

"အသင်္ခရာ....မငိုပါနဲ့"
ဝဏ္ဏလက်ကိုကြိုးစားမြှောက်လိုက်ပြီး
အသင်္ခရာမျက်ရည်တွေကိုသုတ်ပေးလိုက်သည်

"ဝဏ္ဏ ကျွန်ုပ်နဲ့အတူဒီကထွက်သွားကြမယ်ဆို ဘာလို့စကားမတည်ရတာလဲ အဟင့်!.."

ဝဏ္ဏနာကျင်မှုတွေကြားအားတင်းပြုံးကာ
"အတူမထွက်သွားနိုင်လို့တောင်းပန်ပါတယ် ....ဒါပေမဲ့ကျွန်ုပ်အသင့်ကိုဘဲအမြဲချစ်မယ်ဆိုတဲ့စကားကို တော့တည်ပမှာပါ " ဟုတိုးဖွဖွပြောလိုက်သည်

"ကျွန်ုပ်လည်းအသင့်ကိုဘဲအမြဲချစ်နေမှာဝဏ္ဏ......"
သူ့စကားဆုံးတာနဲ့ ရင်ခွင်ထဲမှ ချစ်ရသူ၏မျက်ဝန်းတို့ဟာထာဝရပိတ်သွားခဲ့သည်

"ဘာလို့လဲ! ဘာလို့ကျွန်ုပ်ရဲ့ချစ်သူ့ကိုအဝေးကိုခေါ်ဆောင်သွားကြတာလဲ!!!!"
အသင်္ခရာချစ်ရသူရုပ်အလောင်းကိုဖက်ကာ
သည်းထန်စွာငိုကြွေးတော့သည်
သိပ်မကြာခင်ကဘဲ သူ့ကိုခပ်တင်းတင်းဖက်ထားခဲ့တဲ့ချစ်ရသူဟာ
အခုတော့ အသက်မဲ့စွာလဲလှောင်းနေတယ် သူဘယ်လိုဖြေဆည်ရမှာလဲ....

"အသင်္ခရာ!"

ရုတ်တရက်ခေါ်သံကြောင့် သူစိတ်ထဲမျှော်လင့်ချက်ရောင်ခြည်လေးသန်းသွားခဲ့သည်
ဖဖုရား...သူ့ရဲ့ဖဖုရားရောက်လာတယ်
ဝဏ္ဏကိုသူမကယ်နိုင်ပေမဲ့ ဖဖုရားကတော့သေချာပေါက်ကယ်တင်နိုင်မှာ ....

"ဖဖုရား....သူ့..သူ့ကိုကယ်ပေးပါ..."

"မဖြစ်နိုင်ဘူး"

"သားတော်ရဲ့မျက်နှာကိုထောက်ရှုပြီး သူ့ကိုကယ်ပေးပါ..."
အသင်္ခရာဒူးထောက်ကာဖဖုရားအားဦးတိုက်ကန်တော့လိုက်သည်

"ကျွန်ုပ်ကယ်နိုင်စွမ်းမရှိဘူး...
သူ့ရဲ့ကံကဒီနေ့အထိဘဲရှိတာ သိကြာမင်းဆင်းကယ်တောင်သူပြန်မရှင်နိုင်ဘူး..."

မြွေဖြူအရှင်《Complete 》Where stories live. Discover now