ထိုလူကထူးခြားတဲ့သူပဲဖြစ်ရမည်ဆိုတာကိုမြန်မြန်သဘောပေါက်လိုက်ကြသည်။ထိုလူကအရမ်းစွမ်းအားကြီးတာဒါမှမဟုတ်အရမ်းအသက်ကြီးနေတာပဲဖြစ်ရမည်။နောက်ပြီးလူလဲမဟုတ်နိုင်ပေ။အဲ့လိုမှမဟုတ်ရင်သူတောင်ဘာမှမလုပ်ရသေးခင်မှာအလောင်းကတန်းပြီးဦးညွှတ်မှာလဲ?

လူသတ်စိတ်မွှန်တဲ့အလောင်းနဲ့လျို့ဝှက်ထားတဲ့ဆရာ။ဘယ်သူ့ကိုမှမကိုင်တွယ်နိုင်ဘူး။နှစ်ယောက်ဆိုပြောမနေနဲ့တော့။ထွက်ပြေးဖို့အခွင့်အရေးမယူရင်ဒီနေရာမှာပဲသေသွားလိမ့်မည်။

သူတို့ထဲကတစ်ယောက်ကချီစွမ်းအင်မြုပ်နှံထားသည့်လော့ကတ်ကိုမြေပြင်ပေါ်ပစ်ခွဲလိုက်သည်။ထိုသို့ပြုလုပ်တာကသူ့ရဲ့ကျင့်ကြံရေးကိုပျက်စီးစေလိမ့်မည်ဆိုတာသိထားပေမဲ့ကျင့်ကြံရေးကိုသာအဆုံးရှုံးခံလိုက်မည်အုတ်ဂူထဲတော့မနေချင်ပါ။

ဆယ်ကျော်သက်တွေရဲ့ ပတ်ပတ်လည်မှာအနက်ရောင်အငွေ့တွေပေါ်လာပြီးသူတို့ကိုမြေအောက်နန်းတော်မှတောင်အပြင်ဘက်ကိုခေါ်ထုတ်သွားသည်။

နန်းတော်ထဲမှာတိတ်ဆိတ်နေပြီးကျိနင်း၊ချီရုဝမ်နှင့်သတိလစ်နေတဲ့ယွင်သောင့်ပဲကျန်နေခဲ့သည်။

ငယ်ရွယ်တဲ့ဧကရာဇ်ကသူ့ရှေ့မှာရပ်နေတာကိုကြည့်ရင်းကျိနင်းမပျော်နိုင်ပေ။ထိုအစားနှလုံးသားထဲမှာခါးသက်လာပြီးနောင်တနှင့်ကိုယ့်ကိုကိုမုန်းတီးနေမိသည်။

နောက်ဆုံးမှာတော့နောက်ကျသွားခဲ့ပြီးချီရုဝမ်ရဲ့အလောင်းပြန်လည်ပြုပြင်ခံရမှာကိုမတားလိုက်နိုင်ခဲ့ပေ။အနားယူနေမဲ့အစားဒီကိုတန်းလာလိုက်ရင်ဒီလိုတွေဖြစ်လာမှာကိုတားနိုင်လောက်သည်။

(ဒါကမင်းအပြစ်မဟုတ်ပါဘူး)

အနာဂတ်ရဲ့အသံပဲ့တင်ထပ်လာသည်။သူ့ဘက်ကစပြီးအရင်စကားပြောလေ့မရှိပေမဲ့ကျိနင်းကိုနှစ်သိမ့်ဖို့ကြိုးစားနေသည်။

(မင်းရဲ့ဝိဥာဥ်ကိုအနားမယူဘဲကူးပြောင်းခိုင်းဖို့ငါခွင့်ပြုမှာမဟုတ်ဘူး။အနားမယူရင်ဝိဥာဥ်ကဆိုးရွားစွာထိခိုက်မိပြီးအကျိုးဆက်တွေကဆိုးရွားလိမ့်မည်)

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now