"ဒါပေမဲ့....ကျွန်ုပ်မှာတာဝန်..."
ဝဏ္ဏ၏ ဝမ်းနည်းရိပ်သန်းနေသည့်မျက်ဝန်တွေနဲ့ဆုံတွေ့လိုက်ရတော့
အသင်္ခရာအငြင်းစကားမဆိုနိုင်တော့ဘူး
သူတကယ်ဘဲ တာဝန်ဝတ္တရားတွေကိုမေ့ပြီး ဝဏ္ဏနဲ့ထွက်ပြေးသင့်သလား??
အချစ်အတွက်သူတစ်ခါလောက်ရူးမိုက်လိုက်ရမလား

ဝေခွဲမရဖြစ်နေသည့်သူဟာ ပုထုဇဉ်တစ်ဦးပေမို့ အချစ်ဘက်ကိုသာဦးစားပေးလိုက်သည်
"ကောင်းပြီ ကျွန်ုပ်တို့ထွက်ပြေးကြရအောင်!...."

ဝဏ္ဏ ချစ်ရသူရဲ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး
"သွားကြရအောင် " ဟုပြောလိုက်သည်

နှစ်ဦးသား၏ကံခေလွန်းသည်ဟုပြောရမလားဘဲ
သူတို့ခြေလှမ်းအနည်းငယ်သာလှမ်းရသေးသည် လေးသည်တော်တွေနဲ့ လှံစစ်သည်တွေကဝိုင်းလာကြသည်
ထို့အပြင် ဘုရားဂူရွာသားတွေကလည်းမီးတုတ်တွေကိုင်ဆွဲကာပါလာကြသေးသည်

"မင်းသား ကျွန်ုပ်တို့နဲ့ ပြန်လိုက်ခဲ့ပေးပါ..."

"မလိုက်နိုင်ဘူး...."

"အရှင်မင်းကြီးကမင်းသားပြန်လိုက်ဖို့ငြင်းဆန်ရင်သတ်လို့မိန့်လိုက်ပါတယ်
ဒါကြောင့်ကျွန်ုပ်တို့ကိုအပြစ်မတင်ပါနဲ့ "
ပြောပြီးတာနဲ့ လှံစစ်သည်တွေက ဝဏ္ဏတို့ဆီပြေးဝင်လာကြပြီး
လေးသည်တော်တွေကလည်းလေးကိုမတင်လိုက်ကြသည်

ထိုအခိုက်၌ အသင်္ခရာ၏ခြေထောက်တွေသည် ကြီးမားသောမြွေအမြှီးကြီးအဖြစ်ပြောင်းလဲသွားပြီး
လှံစစ်သည်တွေကို အမြှီးနဲ့ ရိုက်ပစ်လိုက်သည်

"ကျွန်ုပ်အသင်တို့ကိုမသ...တ်ချင်ဘူး! အခုထွက်သွား"

အသင်္ခရာ၏အသွင်အပြင်ကြောင့် စစ်သည်တွေက အနည်းငယ်လန့်သွားကြသော်လည်း
မိမိတို့သည် အမိန့်နှင့်ပက်သက်လျှင်အသက်သေသည်အထိစွမ်းဆောင်ရမည်ဆိုတာကိုသတိရသွားပြီး
လဲနေရာမှကုန်းရုန်းထကြသည်

သိင်္ခနဲ့ လင်္ကာကလည်း သူ့တို့အရှင် အန္တရာယ်ရှိနိုင်တယ်ဆိုတာ
ခံစားမိတာနဲ့ ဧရာမအစိမ်းရောင်မြွေကြီးနှင့်အနက်ရောင်မြွေကြီးအဖြစ်ပြောင်းလဲသွားပြီး
များပြားလှသောလူအုပ်ကြီးကိုကြည့်ကာတရွှီးရွှီးနှင့်အသံပြုတော့သည်

မြွေဖြူအရှင်《Complete 》حيث تعيش القصص. اكتشف الآن