Unicode >> ☕Love Museum❤ Part 94(N)

Start bij het begin
                                    

🖤 : အဟမ်း! ဘာပေ​နေလို့လဲ~~?

တိမ်စိုင်နဲ့ အသွင်သဏ္ဍာန်တူသည့် အကောင်​ပေါက်​လေးရဲ့ ပါး​ဖောင်း​​ဖောင်းကလေးကို လက်ညိုးနဲ့ အသာတစ်ချက်လှမ်းတို့ကာ ​​ချောင်းတစ်ချက်ဟန့်ရင်း ​မေးလိုက်​တော့မှ ကျွန်​တော့်ယုန်​ဖြူလုံးလေးက သတိပြန်ကပ်သွားပုံ​ပေါ်သည်......

❤ : ဟင်??

🖤 : ငယ်, ကို့ကို ​ကြည့်​နေလို့​လေ..... မျက်​တောင်ကိုမခပ်ဘဲ ကြည့်နေတော့ ကို့မျက်နှာမှာ တစ်ခုခု ပေ​နေတာများရှိ​​နေလို့လားလို့.......

❤ : မကြည့်ပါဘူး! အာ~~ မ​ပေ...မ​ပေဘူး​လို့ပြောတာ....ဘာမှ မ​​ပေဘူး..... အဟင်း! ဟိုဟာ.... ဒီတိုင်း ရုတ်တရက် အလုပ်ကိစ္စ ​တွေး​နေလိုက်မိလို့.....

🦇 : ခွိ!

🕸 : ဒီ!!

အုန်း!!

🦇 : အား!!

🕸 : ထမင်း​​လေးကို အေး​ဆေးစား!

🦇 : Jam~ကလည်း.... ကို့ဆိုရင် တကယ်ကြီးရိုက်တာ~ ကို့​​ကျော​လေး အရမ်းနာသွားပြီ~~~

🕸 : အပို​တွေ!! ခုမှအရိုက်ခံဖူးတာကြလို့!

❤ : ဟာ! အ​အေး​တွေ​တောင် ​ရောက်​​နေပြီလား?? မင်းတို့၂​ကောင်က​​ရော ငါ့ကို ဘာလို့ကြည့်​​​နေကြတာ?? ကိုယ်မှာထားတာ ကိုယ် ကြည့်ပြီး​တော့ စားကြ​လေ......

🕸 : ​ဟုတ်ကဲ့.....စား​နေပါတယ် ဖီဖီ~~~

ဟို​​ကောင်​တွေကမှ သူ့ကိုဆိုရင် လိုက်ကြည့်ပြီး​တော့ စ,စ​နေပါတယ်ဆို ဒီ​ကောင်​လေးက​တော့ တကယ်ပါပဲဗျာ.......​

ကိုယ့်ကိုပေါ်တင်လာ​ ငေးကြည့်​နေပါမှ လူအကုန်မိ​နေလို့ မျက်နှာ​လေးတစ်ခုလုံးကလည်း နီတွတ်​နေပြီး လိ​မ္မော်ရည်​​မော့မသောက်ခင် "ကိုယ်မှာထားတာ ကိုယ်ကြည့်ပြီးစား"ဆိုပြီး သြဇာအာဏာပိစိကပြဖြစ်​အောင် ပြလိုက်​သေး.......

🦇 : အ​အေးခွက်​တွေကဖြင့် ရောက်တာ ကြာလှ​နေပြီ.....​နောက်....မင်းထင်လို့ပါကွာ ငါတို့က မင်းကို ကြည့်မ​နေပါဘူး.....အလုပ်ကိစ္စတွေးနာ(​နေတာ)​နော့ Jam~

Wyaneတစ်​ယောက် ရွတ်​နောက်​နောက်လုပ်ရင်း ​​မေးလိုက်မိတာနဲ့မကာမိ.....Jameရဲ့ အ​ဖြေစကားသံကိုမကြားရဘဲ Jameရဲ့လက်သံ​ပြောင်​ပြောင်ကသာ ​Wyane ရဲ့ ​နောက်​ကျော​ပေါ်ကို နောက်တစ်ချက် ကျ​ရောက်သွားရ​တော့သည်......

Classic Love 🖤 ❤Waar verhalen tot leven komen. Ontdek het nu