" သိတယ် ရွဲ့မေးနေတာ ဟား မင်းတို့က ငါ့ကို လာကစားနေတာလား "

" မဟုတ်ပါဘူး "

" မဟုတ်ဘူးဆို အခုကဘာလည်းပြော ခုကဘာလည်းလို့!!! "

Jungkook အော်လိုက်တဲ့ အသံကြောင့် ရှေ့က အကောင်သေးသေးနှစ်ယောက်မှာ တုန်တက်သွားကာ ခန္တာကိုယ်လေးတွေက သေးသထက်သေးသွားသယောင်..

" Park jimin shi လူကြီးတွေစီစဥ်ထားတဲ့ အတိုင်းလက်ထပ်ရအောင် "

Ji " ဟင့်အင်း မဖြစ်ဘူး "

" ဘာ!!! ဒါဆို Kim Taehyung မင်းငါ့ကိုလိမ်ခဲ့အတွက် မင်းငါ့ကိုတခုပြန်လုပ်ပေးရမယ် "

"ဟုတ်ကဲ့ ဘာလုပ်ပေးရမှာလည်း"

"မင်းသူငယ်ချင်းက ငါနဲ့ လက်ထပ်ရမှာလေ သူက လက်မထပ် နိုင်ဘူးမဟုတ်လား"

"အင်း"

"အဲ့တော့ မင်းကငါ့ကို လက်ထပ်ရမယ် "

"ဘယ်လို"

"ဟုတ်တယ် ငါ့မှာ ချစ်သူရှိတယ် သူနဲ့ပဲလက်ထပ်မှာလို့ ငြင်းပြီး အဲ့ချစ်သူနဲ့ လက်ထပ်မှ မင်းသူငယ်ချင်းကို ငါငြင်းလို့ရမှာ အဲ့တော့ မင်းငါ့ချစ်သူလုပ်ပြီး မင်းငါ့ကိုလက်ထပ်ရမယ်"

"ဘာ ခင်များဘာသာ ချစ်သူရှာပါလား ဘာလို့ကျွန်တော်က ဘယ်လိုမဖြစ်နိုင်တဲ့ စကားကြီးလည်း"

" ငါ့ မှာ ရည်းစားအသစ်ရှာဖို့အချိန်မရှိဘူး"

" ဘာ ခင်များမှာ အချိန်မရှိသလို ကျွန်တော်ကရော အားနေတယ်ထင်လို့လား "

" အဲ့တာမင်းကိစ္စလေ "

" ဘာ ရားးး park jimin ပြောအုံး သေနေပြီလား "

Taehyung မှာ Jungkook ရဲ့စကားကိုလက်မခံနိုင်စွာ ပြောဆိုပြီး ဘေးကသူငယ်ချင်းဖြစ်သူကို လှည့်ကြည့်ကာစစ်ကူတောင်းတော့.ဘေးက ငိုမဲ့မဲ့မျက်နှာလေးနဲ့ကြည့်လို့နေတဲ့ Jimin..

"ရားးး park jimin အားးး စိတ်ရှုပ်လိုက်တာကွာ.. "

Taehyung ဟာ ထိုင်နေရာကနေထထွက်သွားဖို့လုပ်တော့ အနောက်ကနေ ထွက်လာတဲ့ Jimin ရဲ့စကားသံ..

"Jungkook ကျွန်တော်တို့ လက် လက်ထပ်ရအောင် ပြီးရင် ကျွန်တော် ကိုတနှစ်နေရင် ပြန်ကွာရှင်းပေးပါ ဟင့် "

Impersonator Lover (complete) Where stories live. Discover now