အပိုင်း ၅၅

Start from the beginning
                                    

ရှစ်မိနစ်ကြာပြီးနောက်...

ချင်ကောရဲ့လက်ထဲက ကတ် ၄ တစ်စုံပေါ်မှာ ဖေးဖေးရဲ့ ဘုရင်အကြီးနဲ့ အသေး တစ်စုံကို ဖိချလိုက်သည်။ ဝူထုန်က ဝမ်းချုပ်နေသလိုဖြစ်နေတဲ့ ထိုလူ့မျက်နှာကို မြင်လိုက်ရပြီး ရုတ်တရက် သူမ ပိုပြီး ဝမ်းသာအားရဖြစ်ခဲ့သည်။

ဖေးဖေးက ဖခင်ရဲ့စွပ်စွဲတဲ့ မျက်လုံးတွေရှေ့ ဂျစ်ဆာပဟေဠိရုပ်ဆက်တစ်ချပ်ကို ချလိုက်သည်။

ခြောက်မိနစ်ကြာပြီးနောက်......

ဖေးဖေးက ၃ ၊ ဝူထုန်က ၅ ၊ ချင်ကောက A၊ ဖေးဖေးက ၂ ........

ချင်ကောက လူတိုင်းလက်ထဲမှာရှိတဲ့ ကတ်ပြားတွေကို ကြည့်ပြီး သူ့လက်ထဲက ဘုရင် တစ်စုံရှိနေတော့ စကားတစ်ခွန်းကို အော်လိုက်သည်........

ဒါနဲ့ လေယာဉ်သုံးအုပ်စုက ဖေးဖေးက သူ့လက်ထဲက ကတ်တွေအားလုံးကို ရှင်းထုတ်ပြီး ........သူ့ရှေ့မှာ ပဟေဋ္ဌိရုပ်ဆက်တစ်ခုကို သတိရှိရှိချလိုက်သည်။

" မင်းတမင်ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား ကလေး "  သုံးကြိမ်ဆက်တိုက် ရပ်တန့်ခံလိုက်တဲ့အခါ ချင်ကော အနည်းငယ် ဒေါသထွက်သွားသည်။

"ဘာကို ရည်ရွယ်ချက်ရှိရှိလုပ်တာလဲ။ ရှင်ကိုက ကံဆိုးနေတာ တခြားသူတွေကို လွှဲမချနဲ့ "ဝူထုန် ထိုလူအား တစ်ချက်ကြည့်လိုက်သည်။

"သူ ကတ်တွေကို ရေပြီးသွားပြီ" လို့ ချင်ကောက အတည်ပြုခဲ့သည်။

"ဘာကတ်တွေလဲ။ ဖေးဖေးက ငါးနှစ်ပဲရှိသေးတယ်။ ပြီးတော့ သူတစ်ရာထိရေတွက်တတ်ရင်  အရမ်းဉာဏ်ကောင်းနေပြီ"

"မင်း နားမလည်ပါဘူး၊ ဂဏန်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေကြုံလာရင်  အရမ်းကိုအကဲဆက်တဲ့ ရှောင်ဝူအတွက်လည်း ဒီလိုပဲ  " ချင်ကောက ဖေးဖေးကိုသက်သေအဖြစ်ပြဖို့ မကူညီနိုင်ဘူးလို့ တွေးခဲ့သည်။

"အဲ့တော့ဘာဖြစ်လဲ။ ရှင့်မှာ IQ မလုံလောက်တာကို တခြားသူတွေကို အပြစ်တင်လို့မရဘူး " ချင်ကောကို စပြီးနောက် ဝူထုန်က ဖေးဖေးရဲ့ ခေါင်းကို ကိုင်ပြီး ပြောလိုက်သည်။  "သုံးခုတောင်ရှိနေပြီ၊ ညကျရင် အပြင်ထွက်ပြီး သွားဝယ်ကြမယ်"

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now