ဝဏ္ဏခမည်းတော်အားဦးတိုက်ကန်တော့လိုက်ပြီး
"  ခမည်းတော်ရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုးမိလို့တောင်းပန်ပါတယ်
ဒါပေမဲ့ကျွန်ုပ်ရဲ့ဆုံးဖြတ်ချက်ကိုတော့ မပြင်နိုင်ဘူး သူကလွဲရင်ဘယ်သူ့ကိုမှလက်တွဲဖော်အဖြစ်ရွေးချယ်မှာမဟုတ် " ဟုပြတ်သားစွာငြင်းဆိုလိုက်သည်

"လာကြစမ်း! မင်းသားဝဏ္ဏကိုနောက်နှစ်လရဲ့ပထမဆုံးရက်
မင်္ဂလာအချိန်အခါမရောက်မချင်း အဆောင်တော်မှာအကျယ်ချုပ်ချထားလိုက်ကြစမ်း..."

မင်းကြီးအမိန့်ရတာနဲ့ရဲမက်နှစ်ဦးကဝင်လာပြီး
ဝဏ္ဏကိုဆွဲခေါ်သွားကြသည်

ဝဏ္ဏဟာလည်း
"သားတော် လက်ထပ်ပွဲကိုငြင်းပယ်တယ် လက်မခံနိုင်ဘူး " ဟုတကြော်ကြော်အော်ဟစ်ရင်းရဲမက်တွေလက်ထဲပါသွားလေတော့သည်

______________________

အသင်္ခရာ နှစ်ဦးသားတွေ့ဆုံနေကြခရေပင်ကြီးအောက်မှာ
မတ်တတ်ရပ်၍လမင်းကြီးကိုမျှော်ငေးနေသည်
ရင်ခွင်ထဲမှာတော့ဝဏ္ဏ ချန်ရစ်ခဲ့တဲ့ ဓါးရှည်အားပိုက်ရင်းလျက်....

"ဝဏ္ဏ အသင်ဒီအချိန်ဘယ်လိုဖြတ်သန်းနေလဲမသိဘူး
အဲ့မှာအဆင်ပြေရဲ့လား
ကျွန်ုပ်ကိုရော သတိရနေရဲ့လား ......"

သိင်္ခနဲ့ လင်္ကာကတော့
သူတို့အရှင်အဖြစ်ကိုကြည့်ပြီးရင်မောစွာသက်ပြင်းချရုံသာတတ်နိုင်သည်
အရှင်ကလည်းမဖြစ်နိုင်တဲ့သူကိုမှသွားချစ်မိရတယ်လို့.....

"လင်္ကာ..."

"အင်း...."

"မင်းသားဝဏ္ဏပြန်လာပါ့မလား ......"

"လူတွေရဲ့စိတ်ကိုကျွန်ုပ်လည်း မခန့်မှန်းနိုင်ဘူး သိင်္ခ...."

"ကျွန်ုပ်အရှင့်ကိုသနားလိုက်တာ....."

"ကျွန်ုပ်လည်းထပ်တူပါဘဲ အရှင်အတွက်ဘာမှမလုပ်ပေးနိုင်လို့ဝမ်းလည်းနည်းရတယ်..."

နန်းမြို့တော်မှာအကျယ်ချုပ်ကျနေသည့်
ဝဏ္ဏကလည်းအဆောင်တော်ပြတင်းပေါက်ကနေတစ်ဆင့် လမင်းကိုမျှော်ကြည့်နေမိတယ်

အသင်္ခရာကလမင်းကိုမျှော်ကြည့်ရတာအရမ်းသဘောကျသည်
ဒါကြောင့်အခုချိန်မှာသူလမင်းကိုငေးကြည့်နေလောက်တယ်

မြွေဖြူအရှင်《Complete 》Où les histoires vivent. Découvrez maintenant