Ex 31

4.3K 501 81
                                    

ရိုက်ကွင်းတွင်...

"Jimin ငါ့ဖုန်းမလာဘူးပေါ့"

Taehyung ဖုန်းscreenကိုကြည့်နေရင်း သူမျှော်နေတဲ့သူဆီက Message ရော ဖုန်းcallပါ မတွေ့တာမို့ Jimin ကိုထပ်မေးလိုက်ခြင်းပင်။

"အင်းမလာဘူး.. CEO Jeon ကိုမျှော်နေတာမလား သူအလုပ်များနေလို့နေမှာပါ.. Min လူကြီးမနေ့ညကပြောတာတော့ သူတို့နည်းနည်းဝေးတဲ့ဒေသကို ထပ်သွားရဦးမယ်တဲ့"

"အွန်း..." ဟုသာ Taehyung ပြောလိုက်ပေမယ့် ဖုန်းကိုအကြည့်မပျက်...မနေ့ညက သူတို့အလွမ်းဖြေနေတာနဲ့ပဲ Jungkook အလုပ်ကိစ္စကို သေချာမမေးဖြစ်လိုက်တာ သူအခုမှ နောင်တရလာသည်။

ထားပါ မေးလိုက်တော့ရော သူကူညီနိုင်တာ ရှိမှာမှ မဟုတ်တာ..

တကယ်တော့ Taehyung လည်း ဒီနေ့တနေကုန်နီးပါး အလုပ်မအားပေ။ အခုက လက်ဝတ်ရတနာ Brand တစ်ခုအတွက် Photo နဲ့ Video ရိုက်ကူးရေးလုပ်နေတာဖြစ်သည်။ ဒါပြီးရင် နောက်လက်ခံထားတဲ့ ဇာတ်ကားအတွက် Meeting လည်းသွားရဦးမည်။ သို့ပေမယ့် ဒီကြားထဲ နားချိန်လေးမှာတော့ Jungkook နဲ့အလွမ်းပြေ Message ပို့တာဖြစ်ဖြစ် ဖုန်းပြောတာဖြစ်ဖြစ် လုပ်ချင်မိသည်။

အခု သူ့ဘက်ကဖုန်းခေါ်ချင်ပေမယ့် တဖက်လူမအားတာသိတော့ Taehyung ချီတုန်ချီချဖြစ်နေသည်။မဟုတ်ရင် တမနက်ခင်းလုံး Jungkookက ဖုန်းမဆက်ဘဲ နေမှာမဟုတ်ဘူးလေ။ နောက်ဆုံး သူသက်ပြင်းချလိုက်ပြီး Message ပဲပို့ထားလိုက်တော့သည်။

[Jungkook အလုပ်ကိစ္စ အဆင်ပြေရဲ့လား.. Jimin ပြောတာ မင်းတို့အလုပ်များနေတယ်တဲ့.. ညကျရင်ဖုန်းခေါ်မှာမလား ငါစောင့်နေမယ်နော်]

ပို့ပြီးတာနဲ့ Taehyung ဖုန်းကို Jimin ဆီပြန်ပေးထားလိုက်သည်။

ခနကြာတော့ Shootingအတွက် နောက်ထပ် ပုံစံတစ်မျိုးပြင်ဆင်ပြီးသွားတာကြောင့် Taehyung အလုပ်ပြန်စရသည်။

နေလည်ခင်းမှာ Shooting ပြီးသွားသည်။

Taehyung ဖုန်းပြန်စစ်လိုက်ပေမယ့် Jungkook ကသူပို့ထားတဲ့ messageကိုတောင် မဖတ်ရသေး။

Jimin နဲ့အတူ နေ့လည်စာစားပြီးသွားတော့ တစ်နာရီထိုးနေပြီမို့ Taehyung ခနသာနားရပြီး နောက်ဇာတ်ကားအတွက် ဇာတ်ညွှန်းဖတ်ပွဲ Meeting နေရာကို ထပ်သွားရပြန်သည်။

My Annoying Ex(Ongoing)Where stories live. Discover now