"အဘွား ကျွန်တော် မနက်ဖြန် နန်းတော်ထဲကိုဝင်ပြီး ရွှမ်းအာနဲ့ စကားပြောလိုက်ပါ့မယ်"
သခင်မကြီးကလည်း ခေါင်းညိမ့်သည်။
"သူမက ကလေးဘဝကတည်းက မင်းရဲ့စကားကိုပဲ နားထောင်တယ်။ အတွေးမလွန်ဖို့နဲ့ ကိုယ့်ရဲ့ အပြုအမူကို ကိုယ်သေချာသုံးသပ်ပြီး နှစ်နှစ်ခြိုက်ခြိုက်နေဖို့ ပြောလိုက်ပါ။ ကိုယ့်ညီမကိုယ်တောင် မယုံရင် ဘယ်သူ့ကိုယုံမှာလဲ"
"အဘွား အဘွားပင်ပန်းနေတာလည်း ကျွန်တော်သိပါတယ်။ အဘွားနားလိုက်ပါတော့"
လုလင်ကျစ်ကပြောသည်။
သခင်မကြီးလုနဲ့ မတူစွာပင် သူက လုယောင်ယောင်ဟာ အားနည်းပြီး သနားစရာ မိန်းကလေးတစ်ယောက် သပ်သပ်မဟုတ်ကြောင်း နားလည်နေသည်။
ထို့ကြောင့် နန်းတော်အတွင်း ဖြစ်ခဲ့သောကိစ္စက သခင်မကြီးလု ယုံကြည်ထားသလို မရိုးရှင်းလောက်ချေ။ ထို့ကြောင့်သူက ဒီကိစ္စကို ကောင်းစွာသိရအောင် လုပ်ရန် မစောင့်နိုင်တော့ချေ။
သခင်မကြီးလုဟာလည်း မောပန်းနွမ်းနယ်ပြီဖြစ်သည်။
"ငါနန်းတော်ကပြန်လာတော့ ဝမ်ဖေးနဲ့ မဆုံခဲ့ရဘူး။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ဘာတွေးနေမလဲ မသိနိုင်ဘူး။ ယောင်ယောင်ကို ကိုင်တွယ်ဖို့ ဆိုးရွားတဲ့ကိစ္စတွေ လုပ်လာမှာကိုပဲ စိုးရိမ်ရတယ်။ မင်းသေချာ စောင့်ကြည့်ထားပါ"
173 02
"ဟုတ်ကဲ့အဘွား"
အရှေ့ဘက်အဆောင်မှ ထွက်လာပြီးနောက်တွင် လုလင်ကျစ်က အခြားတစ်ဖက်ခြမ်းတွင် ရှိနေသော ယဲ့ကျန်းနေထိုင်ရာ သေးငယ်သော အဆောင်လေးကို လှမ်းကြည့်လိုက်သည်။
ငါမနက်ဖြန်မှပဲ သွားလည်သင့်ပါတယ်။
သူမ၏အခန်းထဲသို့ ရောက်နေပြီဖြစ်သည့် ယဲ့ကျန်းက မျက်နှာပေါ်ရှိ အနီစက်များကိုကြည့်ပြီး သက်ပြင်းချသည်။
"ဒါတွေကသာ အသုံးမဝင်မှန်း ငါသိထားရင် မလုပ်ခဲ့ပါဘူး။ အခုတော့ ဒါတွေပျောက်သွားအောင် နည်းလမ်း ရှာရတော့မယ်"
"တတိယသခင်မလေး"
ထိုအခိုက် အပြင်ဘက်မှ သိုင့်မေ့က ဝင်လာသည်။
![](https://img.wattpad.com/cover/314436867-288-k49197.jpg)
Part 173
Start from the beginning