သူက တူဆာပေါ်ကိုခြေမချခဲ့ရဘဲ အပြင်ပတ်ဝန်းကျင်ကိုမြင်ခွင့်မရသလို အခန်းထဲ၌သာပိတ်လှောင်ခံခဲ့ရသည့်အတွက် ရှန်းမုအတွက် အာကာသရွေ့ပြောင်းမှုဟာ ကျရာနေရာသို့သာဖြစ်သည်။ ထိုအချိန်ဟာ ကံနှင့်တိုက်ခိုက်ရမည်အချိန်သာဖြစ်ပေ၏။ သူတို့ ကျရာပြောင်းရွေ့လာသည့်နေရာတွင် မည်သည့်ဇက်ကိုမှမတွေ့လျှင် သူတို့၏အစီစဉ်အတိုင်း နောက်ထပ်ခြေလှမ်းထပ်လှမ်းနိုင်သည်။

ဤကဲ့သို့အာကာသရွေ့ပြောင်းမှုက သူတို့နှစ်ယောက် အခုထိ ကံဆိုးနေသေးမှန်း ပြသနေသည်။ ယခုဆိုလျှင် သူတို့မျက်စိရှေ့တွင် တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်... နှစ်ဒါဇင်လောက်ရှိသောတက်ခ်ဇက်များက ဝန်းရံနေလေ၏။ မည့်သည့်အရာက တက်ခ်ဇက်များကို ဒေါသထွက်စေမှန်းမသိသော်လည်း သူတို့၏မျက်လုံးများက လက်ရှိမှာ ဒေါသူပုန်နေကြသည့်အနေအထားတွင်ရှိသည်။

တက်ခ်ဇက်များက သူတို့ကို လူသားများအဖြစ်မြင်တွေ့သွားကြလို့ဖြစ်မလား။ လူမျိုးနှစ်စုကြားက ဆက်ဆံရေးကတော့ မကောင်းသော်လည်း သူတို့ထိပ်တိုက်တွေ့သည်နှင့် ဆူပူရမ်းကားကြသည်လား။

သူဖမ်းချုပ်ထားသည့်လူငယ်လေးက ဇက်မဟုတ်ပဲ လူသားဖြစ်နေကြောင်းကို ဟန်မာသိသွားသည်နှင့် ကောင်လေးအား ဖမ်းကိုင်ထားသောအားကို လျင်မြန်စွာ ဖြေလျော့လိုက်သည်။ ထိုအခြေအနေက အလွန်တင်းမာနေသော်လည်း အံ့အားသင့်နေမိရုံမှတစ်ပါးမတတ်နိုင်ချေ။

“ချီးပဲ တစ်ခုခုများမှားနေတာလား… လူမျိုးတူချင်းလာတွေ့တာက ကောင်းပေမယ့် ဘာလို့ ဒီအချိန်မှလဲ—”

သူတို့က အာကာသရွေ့ပြောင်းမှုနှင့် ကျရာနေရာကိုကူးပြောင်းသွားပြီး တူဆာရှိ ဇက်များ၏အမာခံနယ်မြေတွင် လူသားတစ်ယောက်ကိုတွေ့ရှိခဲ့ရကာ ထိုကဲ့သို့ ကံကောင်းမှုကလည်း အလွန်ကိုရိုးရှင်းလှသည်။ လူမျိုးတူချင်းတွေ့ရခြင်းတွင် မည်သည့်ပျော်ရွှင်မှုမျှမရှိခဲ့ချေ။ သူတို့သည် ယခုလက်ရှိတွင် ဇက်များ၏ဂြိုဟ်ပေါ်တွင် ရောက်ရှိနေခြင်းဖြစ်ပြီး လူသားတစ်ယောက်နှင့် ဤနေရာမှာတွေ့ရခြင်းကလည်း သိပ်ပျော်စရာမကောင်းပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး ဤနေရာမှာ သေသွားနိုင်သောကြောင့်ဖြစ်သည်။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now