မကြိုက်သင့်သောတီချယ်🫀 P-26

Start from the beginning
                                    

"........"
(ဒေါ်မာနငယ်)



ဦးသန့်ဖြိုးအောင်၏စကားကိုငယ်ပြန်မဖြေနိုင်ခဲ့ပါ သူပြောသည့်ကလည်းမှန်နေတာကိုး။ဒါ‌ပေမဲ့ငယ်လည်းထားရစ်ခဲ့ချင်လို့မှမဟုတ်တာ။



"ဟမ်! ‌ဖြေစမ်းပါဦး!"
(ဦးသန့်ဖြိုးအောင်)



"ခင်ဗျားကျုပ်သမီးကိုအော်စရာဘာ‌ေxာက်ကြောင်းမှမရှိဘူး"
(ဦးကောင်းခန့်)


"ဟင်‌ ဖေဖေ"
(ဒေါ်မာနငယ်)

ငယ်တို့အနောက်ကနေလှမ်းအော်ပြောလိုက်ကာငယ်အနားရောက်လာခဲ့သည်ငယ်ဖေဖေ။


"ဒီကိစ္စကနှစ်ဦးနှစ်ဖက်ချစ်ကြိုက်ခဲ့ကြပြီးအခုလို့မဖြစ်သင့်တာတွေဖြစ်လာတာ ကျုပ်သမီးကလူကြီးဖြစ်ပြီးမဆင်ခြင်ခဲ့တာမှန်ပေမဲ့ခင်ဗျားသမီးကရောကျုပ်သမီးကိုအရင်ချစ်ခဲ့တာမလား"
(ဦးကောင်းခန့်)


"ဖေဖေ! "
(ဒေါ်မာနငယ်)


"ဟက်! ဟုတ်ပါတယ် ကျုပ်သမီးကအရင်ဖွင့်ပြောခဲ့တာပါ ဒါပေမဲ့ခင်ဗျားသမီးလို့တော့ထားရစ်ခဲ့ပြီလက်ထပ်ဖို့လုပ်ခဲ့တာတော့မဟုတ်ဘူး"
(ဦးသန့်ဖြိုးအောင်)


"ကျုပ်သမီးကထားရစ်ခဲ့တယ်လို့ထင်နေတာလား ကဲအခုလို့အခြေအနေတွေရောက်ကုန်မှာတော့ကျုပ်ရှင်းပြရုံပဲပေါ့...‌ခင်ဗျားတို့ပုဂံသွားနေကြတုန်းလူတစ်ယောက်ကအခုတက်လာတဲ့ပုံတွေကိုလာပြတယ် အဲကောင်ကဘာပြောတယ်မှတ်လဲ ဒီပုံတွေကိုတက်မလာစေချင်ရင်ဒေါ်မာနငယ်ကိုလက်ထပ်ပေးပြီမေတ္တာနွေးနဲ့ဝေးဝေးနေပေးပါတဲ့

ထိခိုက်နစ်နာမှုတွေမဖြစ်စေချင်တာကြောင့်ကျုပ်သမီးကသူလက်ထပ်ပါမယ်ဆိုပြီပြောခဲ့တာ...အခုကကျုပ်သမီးက‌နွေးသတင်းကြားပြီလက်ထပ်ပွဲကထွက်ပြေးလာလို့သာဒီပုံတွေကတက်လာတာ မဟုတ်ရင်ဒီကိစ္စတွေဖြစ်လာစရာအကြောင်းမရှိဘူး"
(ဦးကောင်းခန့်)



"ဒါဆိုလည်းလက်ထပ်ပွဲကထွက်မပြေးလာပါနဲ့လား သူထွက်ပြေးလာရုံနဲ့ကျုပ်သမီးနွေးကချက်ချင်းကြီးနိုးလာပြီးလမ်းထလျှောက်မှာမှမဟုတ်တာ!"
(ဦးသန့်ဖြိုးအောင်)



မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now