"ပတ္တလားဟုတ်လား ...အဲ့တာကဘာကြီးလဲ"
"သာယာသံတွေထွက်အောင်တီးခတ်တဲ့တူရိယာလေ...."
"ရွာသားတွေတီးခတ်ကြတဲ့ဟာမျိုးလား"
"ဟုတ်တယ်..စိတ်ဝင်စားလား"
"အင်း...."
ထိုအခါ ဝဏ္ဏ အသင်္ခရာလက်ကိုဆွဲကာတစ်နေရာသို့ခေါ်သွားလိုက်သည်
"ဘယ်သွားမလို့လဲ...."
"ရောက်ရင်သိလိမ့်မယ်...."
ခနအကြာမှာတော့သူတို့လိုရာခရီးကို ရောက်ပြီဖြစ်သည်
ဝဏ္ဏသူ့ကိုခေါ်လာတာကသေချာသန့်ရှင်းထားသည့်မြေကွက်လပ်တစ်ခုဆီသို့ပင်
ထိုမြေကွက်လပ်၏အလယ်တွင်ရွာသားတွေတီးခတ်လေ့ရှိသည့်အရာတွေထဲမှတစ်ခုကိုတစ်သီးတစ်သန့်ထားထားတာတွေ့လိုက်ရသည်"အဲ့တာက...."
"ပတ္တလားလေ လာအနားသွားရအောင်..."
ဝဏ္ဏအသင်္ခရာကိုပတ္တလားအနားထိခေါ်သွားကာ
ပတ္တလားအစိတ်အပိုင်းတွေကိုသေချာလေးရှင်းပြသည်"ဒါကိုပတ္တလားအရွက်လို့ခေါ်တယ်
ဒါကနားရွက်ပြား ဟောဒီကသဲတောင်ပြားပြီးတော့ဒီဟာကိုတော့ ......"ဝဏ္ဏကစိတ်ရှည်လက်ရှည်ရှင်းပြသလို
အသင်္ခရာကလည်းသေချာလိုက်မှတ်သည်နှစ်ယောက်လုံးမသိသည်က
သူ့တို့အားချောင်းကြည့်နေသူတစ်ယောက်ရှိတယ်ဆိုတာပင်......______________________________________
ဝဏ္ဏအသင်္ခရာနဲ့အချိန်အတော်ကြာဖြုန်းပြီးမှ
သူကြီးအိမ်သို့ပြန်လာခဲ့သည်
သူ့ကိုမြင်တော့သူကြီးကမျက်နှာမသာမယာဖြင့်အနားရောက်လာတယ်"အရှင်မင်းသား....."
"အသင် ဘာလျှောက်တင်စရာရှိလို့လဲ"
"အရှင်မင်းသားအခုဘုရားဂူဘက်ကပြန်လာတာမလားဘုရား ...."
"အင်း....."
"အရှင်မင်းသားနဲ့ရင်းနှီးကျွမ်းဝင်နေတဲ့သူက ဘယ်လိုဖြစ်တည်မှုဆိုတာသိပါရဲ့လားဘုရား...."
"အသင်္ခရာကဒီရွာကလူ ပြီး တော့ အရမ်းကိုပြီးပြည့်စုံလွန်းတဲ့သူလေ...."
YOU ARE READING
မြွေဖြူအရှင်《Complete 》
Romanceစားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြားထားရတာ ကီးဘုတ်ကြောင်နေလို့ပါ ဖတ်ရအဆင်မပြေရင်တောင်းပန်ပါတယ်