ဂျယ်ယွန်းက ကုသမှု၏ သုံးပုံတစ်ပုံကို ပြီးသွားပြီဖြစ်တာကြောင့် သွေးများပေပွနေသော အဆိပ်လူးမြှားကို ဘေးဘက်ရှ်ိ ဗန်းပေါ်တွင်တင်လိုက်ပြီး လူနာ၏ အခြေအနေကိုကြည့်လိုက်သည်။



ဆောင်းဟွန်းမှာ ဂျယ်ယွန်းထင်ထားသည့်အတိုင်း အသည်းခိုက်မတတ်နာကျင်မှုကို ခံစားရပြီးတာတောင်မှ မျက်တောင်ပင်တစ်ချက်မခတ်ပါပေ။



သူက မြှားတစ်ချောင်းလုံး သူဗိုက်ထဲစိုက်၀င်နေသည်ဖြစ်စေ၊ခွဲစိတ်ပြီး ဖယ်ထုတ်ခံလိုက်ရသည်ဖြစ်စေ အမူအရာကင်းမဲ့စွာနဲ့ မှင်မပျက်ထိုင်နေနိုင်သေးသည်။



*ဤသို့သောသူသည် ဘယ်လိုနတ်ဆိုးများပါလိမ့်*ဟု ကျင့်ကြံရေးလောကမှ ဂျယ်ယွန်းပင် အံ့ဩမိရသည်အထိဖြစ်ရလေသည်။



ဆောင်းဟွန်းက မြှားနှင့် ဒဏ်ရာကို တစ်ချက်လေးတောင် ငုံ့မကြည့်ဘဲ လက်ထဲတွင် ငွေဖြူရောင်ပိုးသားလက်ကိုင်ပုဝါလေးကို ကိုင်ကာ ဆော့ကစားနေပြီး သူ၏ မျက်၀န်းများကတော့ တခဏလေးတောင်မှ ဂျယ်ယွန်းထံမှ ဖယ်ခွာမသွားသေးပေ။



ဂျယ်ယွန်းကိုစိုက်မကြည့်မိရန် သူ့မျက်၀န်းများမှိတ်ကာ ကြိုးစားထားသော်လည်း ထိုအကြံက ငါးမိနစ်တောင်မခံလိုက်ပေ။



ဆန္ဒကို သိက္ခာနဲ့ထိန်းဖို့ပင်မတတ်နိုင်သော ဆောင်းဟွန်းက သူ၏နာကျင်မှုကို လျော့ပါးစေရန် ဂျယ်ယွန်းကို ကြည့်‌မိနေခြင်းသာဟု လိမ်ညာအကြောင်းပြ၍ မျက်တောင်မခတ်တမ်း ထိုင်ကြည့်နေတော့သည်။



ဂျယ်ယွန်းမှာ သူ့ကိုကြည့်နေသော ဆောင်းဟွန်းကိုမြင်လျှင် နာကျင်မှုကို သက်သာစေ‌နိုင်လောက်သည့် အား‌ေပးအပြုံးလေးဖြင့် ပြုံးပြကာ နှစ်သိမ့်လိုက်သည်။



"မြှားကိုဖယ်လိုက်ပြီဆိုတော့ တစ်၀က်တော့ အောင်မြင်သွားပြီ
နောက်တစ်ဆင့်က အဆိပ်ကိုထိန်းချုပ်ဖို့ အပ်စိုက်ရမယ်ဆိုတော့ ခင်ဗျား အဆင်‌ပြေတယ်မလား"



ဆောင်းဟွန်းက ဂျယ်ယွန်းစကားပြောလိုက်တိုင်း ဖွင့်ချည်ပိတ်ချည်နှင့် လှုပ်ရှားနေသော နှုတ်ခမ်းသားနုနုလေးတွေကို အတန်ကြာကြီး စိုက်ကြည့်လို့နေပြီးမှ သူ့မျက်၀န်းနက်တွေကိုဖုံးကွယ်ရန် မျက်လွှာချပြီးဖြေလိုက်သည်။



𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now