လုဝူရွှမ်းဟာ မြင့်မြတ်ကျက်သရေရှိ ဟန်နေထိုင်ရခြင်းကို သဘောကျသော်လည်း သူမ ၏စိတ်ထားက အလွယ် တကူပြောင်းလဲနိုင်ချေရှိနေသည် ၊ သူမက တစ်စုံတစ်ရာကို မကျေနပ်သည်နှင့် ဒေါသအထွက်လွယ်သည်။ အချိန် တိုင်းလိုလို သူမထက် မည်သူမှ သာသူမရှိကြောင်း အမြဲတစေ အထင်ရနေတတ်သူဖြစ်သည် ၊ သို့ရာတွင် သခင်မ ကြီးလုအနေနှင့် လုဝူရွှမ်းဟာ ယဲ့ကျန်းကို ရုပ်ပိုင်းဆိုင်ရာထိခိုက်အောင် လုပ်သည်အထိ ဆိုးရွားလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။

ယဲ့ကျန်းက သဘောမတူလို့ ခေါင်းခါပြီးပြောသည် "အဘွား အဘွားဘာမှ မမှားပါဘူး ဧကရာဇ်က မင်းသား ငယ်ရဲ့ဖျားနာမှုအတွက် သမီးကို ကုသခိုင်းတာပါ ဒါပေမဲ့ ဘာကမြန်း ဝမ်ဖေးကို ဒေါသထွက်စေသွားမှန်း တကယ် နားမလည်ပါဘူး"

"အာရို ကလေး... တို့က မင်းကို ဒီအတွက်ကြောင့် အပြစ်မတင်ပါဘူး ဝမ်ဖေးက အချိန်တွေကို နားလည်မှုလွဲမှားသွားတာပဲ စိတ်ထဲမထားပါနဲ့ မြေးတော်ဝမ်းကွဲကို ကိုယ်စားပြောခိုင်းပေးမယ် "

လုဝူရွှမ်းက ဒါကိုနားလည်မှာတဲ့လား နားလည်သွားတော့ရော ဘာအသုံးဝင်မှာလဲ။

လုယောင်ယောင်က မော့ရုန်ကျန်းကို ဆွဲဆောင်သည်ဟု လုဝူရွှမ်းက ယုံကြည် သွားခဲ့ပြီးလောက်ချေပြီ၊ ထို့ကြောင့် သူမ ၏နှလုံးဟာ သူမကို ကိုင်တွယ်ရန် ဖြေရှင်းချက်ပေး ချမှတ်နေလောက်ပေသည်။

အနည်းငယ် ကိုင်တွယ်ပြီးနောက်တွင် ယဲ့ကျန်းက လုဝူရွှမ်းဆက်လုပ်မည့် အရာများအတွက် ကြောက်ရွံ့နေစရာ မရှိတော့ချေ။ အကောင်းဆုံးလုပ်ရမည့် အကွက်က အခြေအနေကို ပြောင်းပြန်လှန်ခြင်းဖြစ်သည်။ ဒီနည်းအား ဖြင့် ဝမ်ဖေး၏ အဓိကထောက်တိုင် လုယူစေခြင်းကို ဆုံးရှုံးစေလိမ့်မည်။

ကလဲ့စားချေတဲ့အချိန်မှာအကောင်းဆုံး တုံ့ပြန်နည်းက ရန်သူကို ကိုင်တွယ်ဖို့ အခြားတစ်ယောက်ကိုထပ်သုံး တာပဲ ။

ထိုအတွေးကြောင့် သူမက အလွန်စိတ်လှုပ်ရှားသွားသည်။ ယဲ့ကျန်းက မော့ကြည့်ပြီးနောက် သခင်မကြီးလုကို ယုံကြည်မှု၊ မျှော်လင့်ချက်အပြည့်ဖြင့် ပြုံးပြလိုက်သည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now