" ဖြုန်းပါဘူး ကျွန်တော်မိဘစီမှာတောင် ကျွန်တော်တယောက်ထဲ ဖြုန်းမကုန်သေးဘူး "

" ကျွန်တော် လည်း အဲ့လိုဖြုန်းပေးမယ့်သူလေးတယောက်လောက်လိုချင်တယ် ကျွန်တော် ရဲ့ ကတ်တွေ က အိတ်ထဲမှာ မှိုတက်တော့မယ် "

" ရှာပေါ့ "

" ရှာစရာမလိုတော့ဘူးလေ ခုဖုန်းပြောနေတဲ့သူဆို ရပြီ "

" တော်ပါဗျာ "

" ကျွန်တော် တို့တွဲရအောင်လေ "

" စဥ်းစားအုံးမယ် "

" ဒါဆို မနက်ဖြန် တွေ့လို့ရမလား Jimin ကြိုက်တဲ့ Hotel က stake သွားစားရအောင်လေ "

ဖုန်းပြောနေရင်း အရမ်းတွေ့ချင်လို့ချိန်းနေတဲ့ Jungkook ကို Lesson ပေးဖို့ Taehyung မျက်နှာတို့ပြောင်းသွားတော့သည်..

ဖုန်းပြောနေရင်း မျက်ခုံးတချက်ပင့်ကာ​ပြုံး လိုက်တာ​ကြောင့် Jimin ကတော့ Jungkook အတွက်တွေးပူမိတော့သည်..

" ကျွန်တော် stake မစားချင်ဘူး ကစားကွင်းသွားချင်တယ် လိုက်ပို့ပေး"

သူပြောလိုက်တဲ့စကားကြောင့် Jungkook ဘက်ကအသံတိတ်သွားချိန်မှာတော့ Taehyung ဟာ မွေ့ယာပေါ်အပျော်လွန်ကာ ခုန်လို့နေသည် ..
သို့သော် အပျော်က အပြည့်အဝမပျော်လိုက်ရ..

" အင်း လိုက်ပို့ပေးမယ် မနက်ဖြန် ညနေလာခေါ်မယ်အဆင်သင့်လုပ်ထားနော် "

မွေ့ယာပေါ်ခုန်နေရာကနေ ရပ်လို့သွားတဲ့ Taehyung ကြောင့် Jimin မှာ ဗိုက်ကိုဖိကာ ခွက်ထိုးခွက်လန်ရယ်နေပါတော့သည်..စိတ်ပျက်လက်ပျက်အသံနဲ့ပြန်ဖြေလိုက်တဲ့ Taehyung..

" အင်း "

" ဒါဆို Goodnight ပါ "

" အင်း Goodnight "

ဖုန်းချပြီးတော့ ဘေးမှာ ဟားတိုက်ရီနေတဲ့ Jimin ကို ကုတင်ပေါ်ကနေကန်ချလိုက်တဲ့ Taehyung..

"ပြန်တော့ "

"မပြန်ပါဘူး မနက်ဖြန် လျှောက်လည်ဖို့ ငါ့သူငယ်ချင်းလေးအတွက် မနက်ကျရင် အကျီလိုက်ဝယ်ပေးမလို့လေ "

" မလိုဘူး လစ် "

" မင်းကြိုက်တဲ့ CELINE နော် "

" တစုံစာလား "

Impersonator Lover (complete) Where stories live. Discover now