namjoon စီက ဖုန်းပြန်ယူပြီးချက်ချင်းပဲ Taehyung ဖုန်းနံပါတ်ကို mess ပို့ပေးလိုက်သည်နဲ့ တဖက်ကလည်း ချက်ချင်းကို Taehyung ဖုန်းစီ mess ပြန်ပို့လာသည်..

* ပြန်ရောက်ပြီလား Park Jimin shi. ခုဏ mess ပို့တာ ပြန်မပို့လို့ဖုန်းဆက်လိုက်တာ ဦးလေးစီရောက်သွားတယ် ဦးလေးက ph number ပေးလို့ mess ပို့လိုက်တာ. ခု ဖုန်းပြောလို့ရမလား *

" Jimin ဘာလုပ်ရမလည်း "

" အင်း လို့ပြောလိုက် "

" ရားးး အင်းလို့ပြောရင် ဖုန်းပြောနေရမှာပေါ့ "

မကြာပါဘူး ငြင်းခုံနေချိန်မှာပဲ ဖုန်းဝင်လာတာကြောင့် ဖုန်းကိုကြည့်ပြီး ကိုင်ရမလိုချကမလို့ဖြစ်လို့နေတဲ့ Taehyung..Jimin ကပဲ ဖုန်းကို ကိုင်လိုက်ကာ Taehyung နားမှာကပ်ပေးလိုက်တော့သည်..

" H Hello "

" အသံက ဘာဖြစ်နေတာလည်း "

" လေ့ကျင့်ခန်းလုပ်နေတာ ဖုန်းလာလို့ကိုင်တာ ဒီမှာမောနေရတဲ့ကြားထဲ "

" အာ ဟုတ်လား "

" အင်း "

"ကျွန်တော်တို့ မနက်ဖြန် တွေ့ကြမလား "

" ဘာ!! "

Taehyung ရဲ့အော်သံကြောင့် Jimin မှာ ဘေးကနေ လက်မောင်းပိတ်ရိုက်ကာ ဖြေးဖြေးပြောဖို့သတိပေးရသေးသည်..ရိုက်ခံရတာကြောင့် နာသွားတဲ့လက်မောင်းလေးကို ပွတ်လို့ မျက်နှာမဲ့ပြကာမျက်စောင်းထိုးလိုက်တဲ့ Tae..

" ဘာဖြစ်လို့လည်း မအားလို့လား"

" အားတာပေါ့ ကျွန်တော်က အလုပ်မရှိအကိုင်မရှိလေ အချိန်တိုင်းအားနေတာ မိဘပိုက်ဆံက အရမ်းဖြုန်းလို့ကောင်းတာပဲ "

" ဒါဆို ကျွန်တော် ပိုက်ဆံရော မဖြုန်းပေးချင်ဘူးလား "

Taehyung သူဘာသာသူပြောပြီး တဖက်ကပြန်ပြောလိုက်တဲ့စကားကြောင့် အံ့သြကာပါးစပ်လေးအဟောင်းသားနဲ့ ဘာစကားမှပင်ပြန်မပြောနိုင်တော့..

ဘေးက Jimin ကတော့ အိပ်ယာပေါ် လူးလိမ့်ကာ Jungkook ရဲ့တော်ကီကိုကြွေလို့ Taehyung ရဲ့ မျက်နှာကိုကြည့်ကာ တခ်ခ်နဲ့ ရီနေပါတော့သည်..

သူ့ကိုလှောင်ရကောင်းမလားဆိုပြီး ဖုန်းပြောနေရင်း သူရှေ့က Jimin ကိုဆောင့်ကန်လိုက် တဲ့ Taehyung..ကန်ခံရတာကြောင့် နာလို့သွားတဲ့ ခါးလေးကိုပွတ်ကာ ရုပ်ကအပြောင်မပျက်..

Impersonator Lover (complete) Where stories live. Discover now