" အင်း "

" အတည်တွဲရအောင် "

Jungkook ဟာ ပြောပြီးတာနဲ့ ခေါင်းလေးငုံ့ပြကာနှုတ်ဆက်ပြီး လှည့်ထွက်လာကာ Taehyung မမြင်ရတော့တဲ့အနေအထားမှာ ပြုံးလိုက်တဲ့ Jungkook..

Taehyung မှာတော့ သူ့ရဲ့ကားပေါ်ရောက်တဲ့အထိ အသက်မပါသွားသလို ကားပေါ်ရောက်တော့ သူ့အဖြစ်ကိုပြန်စဥ်းစားပြီး ကားပေါ်မှ ခန္တာကိုယ်တခုလုံးတွန်းလိမ်ကာ ဆံပင်တွေကို ဆွဲဖွပြီး အော်ချလိုက်တော့သည်..

" အားးးး ဘယ်လိုအခြေအနေကြီးလည်းလို့ "

I wish you would love me again...

" ဘာလည်း "

" ရားး အသံကဘာဖြစ်နေတာလည်း "

" Jiminie... "

" ရား Taehyung ဘာလည်း ဘာဖြစ်လို့လည်း မင်းအခုဘယ်မှာလည်း ငါနဲ့လူကြီးက မင်းအိမ်ရှေ့မှာရောက်နေတယ် စောင့်နေမယ်လာခဲ့နော် ပြီးတော့မှာရအုံးမယ် ခုကိစ္စလူကြီးလုံးဝမသိသေးဘူး မင်းရောက်လာရင် လူကြီးပြန်မှာအဲ့တော့မှပြောမယ်နော် "

" အင်း "

ငယ်ငယ်က ကျောင်းမှာဆို တက်ကြွတဲ့ကြက်ဖ လို့တောင်နာမည်တွင်ထားတဲ့ Kim Taehyung ဟာ ခုချိန်မှာ အသံတောင်မထွက်နိုင်တော့တာကြောင့် Jimin မှာ ရင်တထိပ်ထိပ်ဖြင့် အိမ်ရှေ့မှာစောင့်နေမိတော့သည်..အိမ်ရှေ့ရောက်တော့ကားကိုရပ်ကာ ဆင်းလာပြီး ခြေကုန်လက်ပန်းကြကာဆင်းလို့လာတဲ့ Taehyung နား အပြေးရောက်လို့လာတဲ့ Jimin

" ရား အဆင်မပြေဘူးလား မျက်နှာလေးပြင်ထားကွာ ငါ့လူကြီးကိုနှုတ်ဆက်လိုက် ပြီးမှ မင်းအခန်းမှာပြောကြမယ် "

"Hyung မတွေ့တာကြာပြီနော် "

" အင်း Taehyung နေမကောင်းဘူးလား မျက်နှာမကောင်းပါလား "

" ရင်ထဲမကောင်းလို့ပါ Hyung ရာ "

" အေးပါ နေကောင်းအောင်နေအုံး.ကလေး ကို ပြန်တော့မယ်နော် ညမိုးမချုပ်စေနဲ့ မပြန်ဖြစ်လည်း Taehyung နဲ့ သာအိပ်လိုက်တော့ကြားလား "

" ဟုတ် ကို တာ့တာ "

Yoongi ပြန်သွားတာနဲ့ Jimin ဟာ Taehyung ရဲ့လက်ကိုဆွဲကာ အိမ်ထဲသို့ဝင်လာခဲ့ကြသည်..အခန်းထဲရောက်တော့ ကုတက်ပေါ်ခြေပစ်လက်ပစ်လှဲချလိုက်တဲ့ Taehyung..စားရေးစားပွဲက ခုံကိုဆွဲကာ ကုတင်ဘေးမှာထိုင်လို့ Taehyung ရဲ့ လက်ကလေးကိုကိုင်ကာ

Impersonator Lover (complete) Tempat cerita menjadi hidup. Temukan sekarang